Newsletter for IRP No.48

၂၀၂၂ ခုနှစ် ဇွန်လတွင် IRP လုပ်ဆောင် ချက်များ

သီလဝါအထူးစီးပွားရေးဇုန်(ဘီ)မှ အားနည်းသောအိမ်ထောင်စုများအား ဇွန်လအတွက် ထောက်ပံ့ခြင်းအစီအစဉ်

၃ လတစ်ကြိမ် အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်အပေါ်
တွေ့ဆုံဆွေးနွေးခြင်း
ဇွန်လ အတွက်အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်ကို၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၂၉ရက်နေ့တွင်သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့၏နည်းပညာကူညီမှုဖြင့်ဇုန်ဘီအပိုင်း၃နှင့်၄ရှိစီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ် ထောင်စုများထဲမှ အားနည်းသောအိမ်ထောင်စုများဟုသက်မှတ်ထားသည့်သက်ကြီးရွယ်အိုများ၊မသန်စွမ်းများဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု (၁၇) စု မှ မိသားစုဝင်စုစုပေါင်း (၃၅)ဦးတို့အားအခြေခံစားသောက်ကုန်များဖြစ်သောဆန်နှင့်ဆီကိုကျောက်တန်းမြို့နယ်၊အေးမြသီတာရပ်ကွက်၌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအားလိုက်နာကာထောက်ပံ့ပေးခဲ့ပါသည်။