အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်နှင့်သုံးလတစ်ကြိမ်စစ်တမ်းကောက်ယူမှုပြုလုပ်ခြင်း (၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၀ရက် နှင့် ၂၃ ရက်)

၃လတစ်ကြိမ် ပုံမှန်ပြုလုပ်နေကျဖြစ်သော အားနည်းသောမိသားစုများအားထောက်ပံ့ခြင်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်းနှင့် လစဉ်အခြေခံစားသောက်ကုန် (ဆန်နှင့်ဆီ) ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊၂၀ ရက်နှင့်၂၃ရက်နေ့တို့တွင်ဇုန်(ဘီ)ပြန်လည်နေရာချထားရေးနေရာ၌ ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းကောက်ချက်များအရ အားနည်းသောမိသားစုများအားထောက်ပံ့ခြင်း အစီအစဉ်စည်းမျဉ်းများနှင့်ကိုက်ညီသည့် အသက်၆၁ နှစ်ပြည့်ပြီးဖြစ်သော အိမ်ထောင်စု တစ်စုကိုထပ်တိုး၍ စုစုပေါင်းအိမ်ထောင်စု ၂၄ စုမှ မိသားစုဝင် ၅၆ ဦးတို့အား ယခုလမှစတင်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။