ဇုန်(ဘီ)ပြန်လည်နေရာချထားရေးနေရာတွင်အားနည်းသော မိသားစုများအားထောက်ပံ့ခြင်း (၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်)

အားနည်းသောမိသားစုများအားထောက်ပံ့ခြင်းအစီအစဉ်ကို ဇုန်(ဘီ) ပြန်လည်နေရာချထားရေးနေရာ၌ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ(၂၉)ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။အဆိုပါထောက်ပံ့ခြင်း၏ရည်ရွယ်ချက်မှာစီမံကိန်းကြောင့်ထိ ခိုက်သူများထဲမှ အားနည်းသောမိသားစုများဟုသတ်မှတ် ထားသော အကျုံးဝင် အိမ်ထောင်စု ၂၃စုမှ မိသားစုဝင် ၅၄ ဦးတို့ အား နိုင်ငံတကာစံနှုန်းများနှင့်အညီ မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်တစ်ရပ်အနေဖြင့်လစဉ် အခြေခံစားသောက်ကုန်များဖြစ်သော(ဆန်နှင့်ဆီ)ကိုကူညီထောက်ပံ့ပေးရန်ဖြစ်ပါသည်။ထိုသို့ထောက်ပံ့ပေးခြင်း ဖြင့်အားနည်းသောမိသားစုများ၏နေ့စဉ်အခြေခံစားသောက်ကုန်ဝယ်ယူခြင်းအတွက်ကုန်ကျမှုများအားတစ်ဖက်တစ်လမ်းမှနေ၍ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။