သီလဝါအထူးစီးပွားရေးဇုန်(ဘီ)မှအားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ် (၂၀၂၀ခုနှစ်၊ ဧပြီလ၊ ၂၈ရက်နှင့်၂၉ရက်)

၂၀၂၀ခုနှစ်၊ဧပြီလ၊၂၈ရက်နှင့်၂၉ရက်နေ့တို့တွင်သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့၏နည်းပညာကူညီမှုဖြင့်ဇုန်ဘီအပိုင်း၂၊၃နှင့်၎ရှိစီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ်ထောင်စုများထဲမှအားနည်းသောအိမ်ထောင်စုများဟုသက်မှတ်ထားသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု စုစုပေါင်း (၄၂) စု မှ မိသားစုဝင် (၉၃) ဦးတို့ အား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီကို ကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက်နှင့် ဇုန်ဘီပြန်လည်နေရာချထားရေးနေရာတို့၌ အသီးသီးထောက်ပံ့ပေးခဲ့ပါသည်။