သီလဝါမကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ် (Thilawa Complaint Management Procedure)

သီလဝါမကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ် (Thilawa Complaint Management Procedure)

(၁) သီလဝါအထူးစီးပွားရေးဇုန်တွင် လက်ရှိအသုံးပြုနေသော သီလဝါမကျေနပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား သုံးသပ်ခြင်း (Reviewing Complaints Management Procedures currently used by TSEZ)

              သီလဝါအထူးစီးပွားရေးဇုန် (TSEZ) မှ လက်ရှိ အသုံးပြုနေသော သီလဝါမကျေနပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား သုံးသပ်ခြင်း ကို JICAကျွမ်းကျင်သူအဖွဲ့ (JET) မှ ၂ဝ၁၇ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့ပြီးသီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSEZ) ၏ လက်ရှိအသုံးပြုနေသော သီလဝါမကျေ နပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ဖော်ထုတ်သတ်မှတ်ခဲ့ပါသည်။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ (TSMC) ၊ မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်မှုလီမိတက် (MJTD) နှင့် စီမံကိန်းကြောင့် ထိခိုက်နစ်နာ သည့်ရပ်ရွာလူထုများ၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာသည့်သူများ၏ တိုင်ပင်ဆွေးနွေးမှုများ နှင့် ပါဝင်ဆောင်ရွက်မှုများကို အောက်ပါပုံစံများတွင် ဖော်ပြထားပါသည်။

တိုင်ကြားမှုများသုံးသပ်စစ်ဆေးရာတွင်သတင်းအချက်အလက်ပေးပို့သူများစာရင်း

တိုင်ကြားမှုများသုံးသပ်စစ်ဆေးသည့် လုပ်ငန်းစဉ်များတွင် အကျိုးစီးပွားပါဝင်ပတ်သက်သူ တစ်ဦးချင်းစီ၏ ပါဝင်မှု ရာခိုင်နှုန်း

ကျေးရွာအုပ်စုအဆင့်ရှိ PAC နှင့်အစည်းအဝေးပြုလုပ်ခြင်း

ဇုန်အေ PAPs နှင့်အစည်းအဝေးပြုလုပ်ခြင်း

ဇုန်ဘီ PAPs နှင့်အစည်းအဝေးပြုလုပ်ခြင်း

၂၀၁၇ခုနှစ် အောက်တိုဘာလတွင်ပြုလုပ်ခဲ့သည့် တိုင်တန်းမှုများကို သုံးသပ်စစ်ဆေးသည့် လုပ်ငန်းစဉ်ဆိုင်ရာသတင်းဓါတ်ပုံများ

(၂ ) သီလဝါ မကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ  သတ်မှတ်ခြင်း (Designing Thilawa Complaint Management Procedure -TCMP)

        မကျေနပ်ချက်သုံးသပ်မှုရလဒ်များ နှင့် အထက်ဖော်ပြပါပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၊ ရပ်ရွာလူထုများနှင့် ဆွေးနွေးတွေ့ရှိခြင်းများအပေါ် အခြေခံ၍ သက်ဆိုင်ရာ အကျိုးတူအဖွဲ့အစည်းများနှင့် TSMC ၊ MJTD၊JICA ကျွမ်းကျင်သူများ အဖွဲ့(JET) တို့နှင့် ပူးပေါင်းလျက် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင် ဘက်ပေါင်းစုံပါဝင်သော သီလဝါ မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ (Thilawa Complaint Management Procedure- TCMP) ကိုရေးဆွဲ သတ်မှတ်ခဲ့ပါသည်။ ဤလုပ်ငန်းစဉ်များကိုလက်ရှိအသုံးပြုနေသော(TSEZ)မကျေနပ်မှုစီမံခန့်ခွဲသောနည်းလမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး တစ်ခုတည်းသော လုပ်ငန်းစဉ်အဖြစ် တစုတစည်းတည်း ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

          ဤလုပ်ငန်းစဉ်များတွင် အောက်ဖော်ပြပါ မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ (TCMP) ဖွံဖြိုးတိုး​တက်မှုနှင့် တိုင်တန်းမှု အချက်အလက်များကို စောင့်ကြည့် စစ်ဆေးနိုင်မည့် အချက်အလက် အစုအဝေး​(Database) များပါဝင်ပါသည်။

          မကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုဖြည့်စွက်ပုံစံ - TCMP Complaint Form.pdf

         တိုင်တန်းမှုများကို လက်ခံရယူမည့် လမ်းကြောင်းများ၊ မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်ကို လူအများ သိရှိစေရန်မိတ်ဆက်ခြင်း၊ မကျေနပ်မှုစီမံခန့်ခွဲရေးဖောင်ပုံစံ (မူကြမ်း) ကိုရေးဆွဲထုတ်ပြန်မည့်  လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ဇုန်အေ နှင့် ဇုန် ဘီရှိ စီမံကိန်းကြောင့် ထိခိုက်နစ်နာသည့်ဒေသခံပြည်သူများ၊ ဒေသခံလူထုများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ ရင်းနှီးမြုပ်နှံသူများနှင့် ညှိနှိုင်းမှုအစည်း အဝေးများ ပြုလုပ်ခဲ့ပါသည်။MJTDမှ ကမကထပြုလုပ်ခဲ့သော သီလဝါဒေသခံများနှင့်တွေ့ဆုံပွဲများ၌ အောက်ဖော်ပြပါပုံစံ များတွင်ဖော်ပြထားသကဲ့သို့၂၀၁၇ခုနှစ်နိုဝင်ဘာလတွင်ပြုလုပ်ခဲ့သောအုပ်စုငယ်များအလိုက်ဆွေးနွေးချက်များမှတဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါသည်။ အဆိုပါ ဆွေးနွေးမှုများမှရရှိသည့် ရပ်ရွာလူထုများနှင့် အကျိုးစီးပွားပါဝင် ပတ်သက်သူများ၏ အကြံပြုချက်များကိုမကျေနပ်မှုစီမံခန့်ခွဲသောလုပ်ငန်းစဉ် (TCMP) တွင် ထည့်သွင်း ရေးဆွဲခဲ့ပါသည်။

ဇုန်ဘီ-အပိုင်း၁ မှ PAPs များနှင့်အစည်းအဝေးပြုလုပ်ခြင်း

အလွမ်းဆွတ်ကျေးရွာအုပ်စုတွင်နေထိုင်သူများနှင့်အစည်းအဝေးပြုလုပ်ခြင်း

အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့်အစည်အဝေးပြုလုပ်ခြင

တိုင်ကြားမှုများအပေါ်သုံးသပ်စစ်ဆေးမှု

(၃)    မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်ကိုလူအများသိရှိစေရန်မိတ်ဆက်ခြင်း (Rollout of TCMP)

        TCMP လုပ်ငန်းစဉ်ကို ရပ်ရွာလူထုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရင်းနှီးမြုပ်နှံသူများ၊ ဆောက်လုပ်ရေးကုမ္ပဏီများထံသို့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်သူများသည်သီလဝါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် တိုင်ကြားမှုများကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်၊မည်သို့ပြုလုပ်ရမည်တို့ကိုသိရှိနိုင်စေရန်အောက်ပါဇယားတွင်ဖော်ပြထားသည့်အတိုင်းမိတ်ဆက်ခဲ့ပါသည်။ 

       မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) နှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များ (Flyers) အားတက်‌ရောက်သူများထံ ဖြန့်ဝေခဲ့ပြီး မကျေနပ်မှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်(TCMP)အားမိတ်ဆက်ရာတွင်လည်း မြန်မာဘာသာကိုအ သုံးပြု၍ တင်ပြခဲ့ပါသည်။  

မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်ကိုလူအများသိရှိစေရန်မိတ်ဆက်ပေးသည့်မှတ်တမ်း

 (၄)   လုပ်ငန်းစဉ် (Overall Procedure)

        မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP)ရေးဆွဲရာတွင်လူထုဆက်ဆံရေး အဖွဲ့(Community Relation Team-CRT)သည် အဓိကအခန်းကဏ္ဍမှ ပါဝင် ပါသည်။ ရေးဆွဲရာတွင်လူထုဆက်ဆံရေး အဖွဲ့ (CRT) သည် (TSMC) နှင့် (MJTD) တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ဖွဲ့စည်းပုံကိုအောက်ပါ ဇယားတွင်ဖော်ပြထားပါသည်။ 

          လူထုဆက်ဆံရေး အဖွဲ့ (CRT) သည် သီလဝါ အထူးစီးပွားရေးဇုန် အတွင်း၌ ဆက်သွယ် ညှိနှိုင်းရေးတာဝန်ကို တာဝန်ယူ၍ အကူအညီပေးသော ဝန်ထမ်းများ၏ အကူအညီဖြင့် မကျေနပ်မှု စီမံခန့်ခွဲရေးလုပ်ငန်းစဉ်၏ အတွင်းနှင့်အပြင် ကိစ္စရပ်များကို တာဝန်ယူပြီး အုပ်ချုပ်ရေးတာဝန်များကို စီမံဆောင်ရွက်နေသောအဖွဲ့ ဖြစ်ပါသည်။

လူထုဆက်ဆံရေးအဖွဲ့ (CRT)

       လူထုဆက်ဆံရေးအဖွဲ့ (CRT) သည်တိုင်တန်းသူထံမှ တိုင်ကြားစာရရှိသည့်(၇) ရက်အတွင်းတိုင်ကြားသူထံ တိုင်ကြားစာလက်ခံရရှိကြောင်း အကြောင်းပြန်ကြားမည် ဖြစ်ပါသည်။ ထို့နောက်တွင် လူထုဆက်ဆံရေးအဖွဲ့ (CRT) သည် တိုင်ကြားမှု အမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ကို တာဝန်ပေးအပ်မည် ဖြစ်ပါသည်။ တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ (TSMC) ၊ မြို့နယ်အစိုးရဌာနများ၊ အလုပ်သမားဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန၊ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှုလီမီတက် (MJTD) ဆောက်လုပ်ရေးကုမ္ပဏီ သို့မဟုတ် အဓိက ကန်ထရိုက်တာများ စသည့် တစ်ထိုင်တည်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်ဌာနများ (OneStopServiceCenter-OSSC) စသည့်တို့ဖြစ်ပါသည်။

          အဆိုပါတာဝန်ရှိအဖွဲ့အစည်းများမှ တိုင်တန်းမှုများကို စုံစမ်းစစ်ဆေးပြီး တိုင်တန်းသူ အနေဖြင့် စုံစမ်းစစ်ဆေးသည့်လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်နိုင်ပါသည်။ တိုင်ကြားမှုများကို တိုင်ကြားစာရရှိပြီး ရက်ပေါင်း (၃၀)အတွင်း ဖြေရှင်းပေးရမည်ဖြစ်ပါသည်။ အကယ်၍ လုပ်ငန်းအဖွဲ့၏ အဆိုပြုချက်ကို တိုင်ကြားသူမှလက်ခံပါကအဆိုပြုချက်ကို အကောင်အထည်ဖော်မည်ဖြစ်ပါသည်။ စစ်ဆေးဖြေရှင်းမှု အောင်မြင်စွာပြီးဆုံးပါက တိုင်ကြားမှုကို ပိတ်သိမ်းပါမည်ဖြစ်ပါသည်။ အကယ်၍ တိုင်ကြားသူဘက်မှ အဆိုပြုချက်ကို သဘောမတူပါက မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (Complaint Review Board-CRB) ထံသို့ ထပ်မံစုံစမ်းစစ်ဆေးပေးပါရန်တင်ပြနိုင်ပါသည်။ မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (CRB) မှ ထပ်မံစုံစမ်းမှု များပြုလုပ်မည်ဖြစ်ပါသည်။ မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) တစ်ခုလုံးကို အောက်တွင်ဖော်ပြထား ပါသည်။

TCMP လုပ်ငန်းစဉ်

(၅) မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) ကို အကောင်အထည်ဖော်ခြင်း (Implementation of TCMP)

         မကျေနပ်မှု စီမံခန့်ခွဲရေးလုပ်ငန်းစဉ် (TCMP) ကို အသုံးပြု၍ မကျေနပ်မှုများကို စုံစမ်းစစ်ဆေးရန် နှင့်ဖြေရှင်းဆောင်ရွက်ရန်ရှေ့ပြေးအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလတွင် စတင်ခဲ့ပါသည်။လူထုဆက်ဆံရေးအဖွဲ့(CRT)နှင့်သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များသည် လျော်ကြေးပေးခြင်း၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည်စီစဉ်ပေးခြင်း၊ ရွှေ့ပြောင်းနေရာချထားခြင်း၊ပတ်ဝန်းကျင်ကိစ္စရပ်များ၊ အဆောက်အဉီးများ၊သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ဝန်ထမ်းတို့အမူအကျင့်ဆိုင်ရာများ၊လုပ်သားဆိုင်ရာကိစ္စ ရပ်များ (ဥပမာ-လုပ်သားစုဆောင်းရေး၊ လစာ၊ အလုပ်ချိန်၊လုပ်ငန်းခွင်အခြေအနေများ)စသည့် ကိစ္စရပ်များကို တိုင်းတန်းသူများနှင့်ညှိနှိုင်း၍မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် နှင့် အညီ ကြိုးစားဖြေရှင်းပေးလျက်ရှိပါသည်။

       အကယ်၍ သီလဝါအထူးစီးပွားရေးဇုန် (TSEZ) နှင့် တိုင်တန်းသူများ ပြေလည်မှုမရရှိပါက မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (CRB) သို့ ထပ်မံ တင်ပြနိုင်ပြီး မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (CRB) မှ ပြန်လည်သုံးသပ်၍ အပြီးသတ်ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) ကို အကောင်အထည်ဖော်ရာတွင်ကြုံတွေ့ရသော အခက်အခဲများကို အခြေခံ ၍ (TCMP) လုပ်ငန်းစဉ်ကို ပိုမိုထိရောက်ချောမွေ့စေရန် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

(၆) မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) အစီရင်ခံစာ အကျဉ်းချုပ် (Summary of TCMP Resolution Report)

          မကျေနပ်မှုများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ မှ စတင်၍ လက်ခံရယူခဲ့ပြီး ၄င်းတို့ကို ကွန်ပျူတာအချက်အလက်ထိန်းသိမ်းမှု (data base) ဖြင့် စီစဉ်ထားရှိပါသည်။

     (၁)     မကျေနပ်မှုအမျိုးအစားအလိုက် အမျိုးအစားခွဲခြားခြင်း (Complaints by Type of Complaints)

             မကျေနပ်မှုအားလုံးကို အမျိုးအစားပေါ် မူတည်၍ အောက်ပါဖော်ပြပါ ဇယားနှင့်ပုံစံတွင် ခွဲခြားဖော်ပြထားသည်။မကျေနပ်မှုအမျိုးအစားများထဲတွင် အလုပ်သမားများမှ တင်ပြသည့် လျော်ကြေး ဆိုင်ရာကိစ္စများ (Compensation Related Complaints)၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ (Labor Related Complaints)သည် အများဆုံးပါဝင်သည်။(ဥပမာ ကန်ထရိုက်တာနှင့် တဆင့်ခံကန်ထရိုက်တာများအကြား ငွေကြေးအငြင်းပွားမှု၊ လုပ်ငန်းဆိုင်ရာပြဿာနာ များ၊ ဖယ်ရီကားငှားသူများ နှင့် ကားပိုင်ရှင်များစသည်တို့) ထို့ပြင် ဖုန်များ၊ အညစ်အကြေး များကြောင့် လေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း၊ အနံ့အသက်များ မကောင်းခြင်းနှင့် ရေလျှံခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလည်းပါဝင်ပါသည်။ စီမံကိန်း  ဇုန်(ဘီ)-အပိုင်း(၁)နှင့်(၂))မှ ရွေ့ပြောင်းနေရာချထားသူများ၏ တိုင်တန်းချက်များတွင် အလုပ်အကိုင်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ပေးရေးနှင့် ပြန်လည် နေရာချထားသည့်နေရာများတွင် တွေ့ရှိရသော လိုအပ်ချက်များဖြစ်သည့်ရေရရှိရေး၊ လမ်းများပြုပြင်ရေးနှင့် အညစ်အကြေးစွန့်ပစ်မှု စီမံရေးကိစ္စရပ်များပါဝင်ပါ သည်။

    မကျေနပ်မှု အမျိုးအစားအပေါ်မှုတည်၍ တင်ပြမှုအရေအတွက်

မကျေနပ်မှု အမျိုးအစားများ

    (၂) မကျေနပ်မှုများကို ဖြေရှင်းရသည့် အခြေအနေများအလိုက် ခွဲခြားခြင်း (Complaints by the Status of Complaints Resolution)

            မကျေနပ်မှုများကို ဖြေရှင်းပေးခဲ့သည့် အခြေအနေများကို အောက်ပါဇယားနှင့်ပုံစံ တွင် ဖော်ပြထားပါသည်။ တင်ပြမှုပေါင်း ၅၀ ၌ ၇၀ ရာခိုင်နှုန်းကို အောင်မြင်စွာဖြေရှင်း ပေးခဲ့ပြီး ပိတ်သိမ်း နိုင်ခဲ့ပြီးဖြစ်ပါသည်။ အခြေအနေပေါ် မူတည်၍ ဖြေရှင်းရသော တင်ပြမှုပေါင်း ၂၂ ရာခိုင်နှုန်းရှိပြီး၊ ၈၂ ရာခိုင်နှုန်းမှာ လျော်ကြေးငွေကိစ္စများဖြစ်၍ ကျန်သောအမှုများမှာ အလုပ်သမားများနှင့်သက်ဆိုင်သည့် တင်ပြမှုများဖြစ်ပါသည်။

          မကျေနပ်မှုများကို ဖြေရှင်းရာ၌ နှစ်ဦးနှစ်ဖက်သဘောတူကျေနပ်မှုမရနိုင်လျှင် (သို့) တင်ပြသူကို နှစ်လအတွင်းဆက်သွယ်၍ မရလျှင်ဖြစ်စေ၊ တင်ပြသူသူကိုရှာဖွေတွေ့ရှိ ခြင်းမရှိလျှင်ဖြစ်စေ၊ အဆိုပါတင်ပြမှုများကို အခြေအနေပေါ်မူတည်၍ ဖြေရှင်းရပါသည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲအမှုပေါင်း (၆)ရာခိုင်နှုန်းရှိပြီး အလွယ်တကူ ညှိနှိုင်းဖြေရှင်းနိုင် လိမ့်မည်ဟုယူဆရပါသည်။ အခြားစစ်ဆေးဆဲအမှု ပေါင်းမှာ (၂) ရာခိုင်နှုန်းရှိပြီး ဖြေရှင်းနိုင်ရန် ခက်ခဲသော အခြေအနေ နှင့်/သို့မဟုတ်  တင်ပြသူမှ သဘောတူညီရန်မလွယ်ကူသော အခြေအနေဟု ယူဆရပါသည်။

ဖြေရှင်းမှုအခြေအနေ အပေါ်မှုတည်၍ တင်ပြမှုအ‌ရေအတွက်

ဖြေရှင်းမှုအခြေအနေ အပေါ်မှုတည်၍ တင်ပြမှုအ‌ရေအတွက်

    (၃) မကျေနပ်မှုအားတင်ပြသူအမျိုးအစားများအပေါ်မူတည်၍ ခွဲခြားခြင်း (Complaints by Complainant Type)

            မကျေနပ်မှုများကိုတင်ပြသူအမျိုးအစားအပေါ်မူတည်၍ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူ(လျော်ကြေး ပေးပြီးအိမ်ထောင်စု) ၊  စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုရှိသည့် ရပ်ရွာမှ ဒေသခံပြည်သူ(PAC Resident) ၊ ပြည်သူများ ၊ နယ်မြေခံလုပ်သားများ (Local Employees) နှင့် အခြားသူများစသည်ဖြင့် ခွဲခြားထားပါသည်။ စီမံကိန်းဒေသမှဒေသခံပြည်သူများဆိုသည်မှာ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သူဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းသီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သော လူမှုရေးစီးပွားရေးအခြေအနေသက်ရောက်မှုများကိုJETမှ စစ်တမ်းကောက်ယူခဲ့ရာတွင် သက်ရောက်မှုနည်းပါး သောရပ်ကွက်နှင့်ကျေးရွာအုပ်စုများကို ဇယားကွက်တွင် ပုံမှန်အရောင်ဖြင့် ဖော်ပြထားပြီး သက်ရောက်မှုများသော ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများ ကို အနက်ရောင်ရင့်(Bold)ဖြင့် ဖော်ပြထားပါသည်။   

PAC များနေထိုင်သည့် ရွာအုပ်စုနှင့် ရပ်ကွက်        

        တိုင်ကြားသူအမျိုးအစားများအပေါ်မူတည်၍မကျေနပ်မှုများကို အောက်ပါ ဇယားနှင့်ပုံတွင် ခွဲခြားဖော်ပြထားပါသည်။ မကျေနပ်မှုများ၏ (၅၆)ရာခိုင်နှုန်းမှာ စီမံကိန်းကြောင့်ထိခိုက်နစ်နာမှုရှိသည့် ရပ်ရွာမှဒေသခံပြည်သူ(PAC residents) များဖြစ်၍ (၂၈)ရာခိုင်နှုန်းမှာ‌ဒေသခံလုပ်သားများဖြစ်ပါသည်။လျော်ကြေး ပေးပြီးသော စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများ (PAP) ၏တင်ပြမှုမှာ (၁၆) ရာခိုင်နှုန်း ဖြစ်ပါသည်။

မကျေနပ်မှုတင်ပြသူအမျိုးအစားများအပေါ် မူတည်၍ တင်ပြမှုအရေအတွက်

               

မကျေနပ်မှုတင်ပြသူအမျိုးအစားများအပေါ် မူတည်၍ တင်ပြမှုအရေအတွက်

  (၄) မကျေနပ်မှုများကိုတင်ပြသည့်နေရာပေါ်မူတည်၍အမျိုးအစားခွဲခြားခြင်း (Complaints by Location of Complaints happened)

        မကျေနပ်မှုများကို တင်ပြသည့်နေရာအပေါ် မူတည်၍ အောက်ဖော်ပြပါ ဇယားနှင့် ပုံတွင် ခွဲခြားဖော်ပြထားပါသည်။တင်ပြမှုအများဆုံးနေရာမှာစက်ရုံအများစုလည်ပတ်နေသည့်(TSEZ)သီလဝါအထူးစီး ပွားရေးဇုန်(ဇုန်အေ)ဖြစ်ပြီးတင်ပြမှုများ၏ ၃၄ရာခိုင်နှုန်းမှာ စီမံကိန်းကြောင့် ထိခိုက်နစ်နာသည့်ဒေသခံရပ်ရွာ (PAC) မှ တိုင်တန်းခြင်းဖြစ်ပါသည်။ ဒုတိယ အများဆုံးနေရာမှာ (TSEZ) သီလဝါ ဇုန် ဘီ အပိုင်း (၁) မှ ၂၈ ရာခိုင်နှုန်းရှိပြီး ဇုန်ဘီအပိုင်း(၁)တွင်စက်ရုံများလည်ပတ်လျက်ရှိပြီး၊ ဇုန်ဘီအပိုင်း(၂)တွင်အခြေခံအဆောက် အအုံများဆောက်လုပ်လျက်ရှိပါသည်။) ဇုန်ဘီ ပြန်လည်နေရာချထားသောနေရာ (Relocation Site) မှ တိုင်တန်းမှုမှာ ၁၀ ရာခိုင်နှုန်းရှိပါသည်။

          သီလဝါ ဇုန် (က) ရှိ မကျေနပ်မှုအများစုမှာ အလုပ်သမားဆိုင်ရာကိစ္စရပ်များ (ဥပမာ လုပ်သားခေါ်ယူမှု၊ လစာ၊ လုပ်ငန်းခွင် အလုပ်ချိန်/အခြေအနေ စသည်တို့အပြင်) ကန်ထရိုက်တာနှင့် တဆင့်ခံကန်ထရိုက်တာများအကြား လုပ်ငန်းခွင် ဆိုင်ရာပြဿနာများ၊ ဖယ်ရီကားငှားသူများ နှင့် ကားပိုင်ရှင်များအကြား ပြဿနာများ၊ လေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း၊ အနံ့အသက်များ မကောင်းသည့် သဘာဝပတ် ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများနှင့် လမ်း တံတားများ ပျက်စီးခြင်းဆိုင်ရာ ပြဿနာများ စသည်တို့ ဖြစ်ပါသည်။ စီမံကိန်း ကြောင့်ထိခိုက်နစ်နာသည့် ဒေသခံရပ်ရွာ(PAC)များတွင်အများဆုံးတွေ့ရသော မကျေနပ်မှုများမှာ လျော်ကြေး ကိစ္စများ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့်အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်များဖြစ်ကြပါသည်။ဇုန်ဘီတွင်အများဆုံးတွေ့ရသော မကျေနပ်မှုမှာလျော်ကြေးကိစ္စများ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿ နာများနှင့် အခြေခံအဆောက်အအုံပြဿနာများဖြစ်ကြပါသည်။ ဇုန်ဘီပြန်လည်နေရာချထားသောနေရာတွင်မူ အလုပ်အကိုင်ရရှိရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တိုင်ကြားမှုအနည်းငယ်သာရှိပါသည်။

မကျေနပ်မှုတင်ပြသည့်နေရာအပေါ်မူတည်၍ တင်ပြမှုအရေအတွက်

မကျေနပ်မှုတင်ပြသည့်နေရာအပေါ်မူတည်၍ တင်ပြမှုအရေအတွက်