မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ အယူအဆနှင့် နောက်ခံအကြောင်းတရား

မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များကို ဝင်ငွေရင်းမြစ်နှင့်မူလ နေထိုင်မှု အဆင့်မျိုး ပြန်လည် ရရှိအောင် ကူညီထောက်ပံ့ခြင်း ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာထဲတွင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လှုပ်ရှားမှုများ ဖော်ဆောင်နေစည် အတောအတွင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များ၏ အသက်မွေး လုပ်ငန်းများ ထူထောင်ပေးရန် ပံ့ပိုးအားပေးသွားမည် ဖြစ်သည်။

မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်တွင် အသက်မွေးမှု အတတ်ပညာ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းလမ်းပိုင်း အကြံပေးခြင်းနှင့် အခြားသော ကူညီမှုများလည်း ပါဝင်သည်။ သီးခြား အခြေအနေ တစ်ရပ်အဖြစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများကို ကျွမ်းကျင်လုပ်သားများ အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် အနီးတဝိုက်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကိုယ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန်၊ သို့မဟုတ် စက်ရုံ အလုပ်ရုံများတွင် ပါဝင် အလုပ်လုပ်နိုင်ရန်လည်း အသားပေးထားသည်။

မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်တွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့် အောက်ပါ လူတန်းစားများအတွက် အကူအညီများ ပါဝင်သည်။

(က) လယ်ယာစိုက်ပျိုးမှုဖြင့် ဝင်ငွေရှာဖွေခဲ့သော်လည်း အခြားစီးပွားရေး လှုပ်ရှားမှုများ ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်လာသည့် လယ်သမားများ

(ခ) ပျံကျလုပ်သားများနှင့် လယ်ယာလုပ်ငန်းခွင် ပြင်ပတွင် အလုပ်လုပ်ပြီး ၎င်းတို့၏ အလုပ်နေရာကို ပြောင်းလဲရန် လိုအပ်လာသူများ

(ဂ) မိမိတို့၏ အသက်မွေးမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး အလုပ်အကိုင် ရှာဖွေလိုသည့် အလုပ်လက်မဲ့များ

(ဃ) လက်ရှိ ဝင်ငွေရနေသော အလုပ်အကိုင်ကို ပြောင်းလဲရန် မလိုသော်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုပိုင်းနှင့် ဝင်ငွေရရှိမှုတို့ကို မြှင့်တင်လိုသူများ

မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့် လူပုဂ္ဂိုလ်များကို နေရေးထိုင်ရေး ပြန်လည် ထူထောင်ပေးရန်အပြင် လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနေအထားများ၊ လူတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး ကိစ္စများကို ပြန်လည် အခြေတကျဖြစ်ရေးနှင့် အသက်မွေးမှု အစဉ်တစိုက် တိုးတက်ရေးတို့အတွက်ပါ ဆောင်ရွက်ပေးရန် အရေးကြီး ညွှန်ကိန်းများ အနေဖြင့် သတ်မှတ်ထားသည်။

မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် အဆင့်လိုက် တိုးတက်ပြောင်းလဲနေမှုကို ပုံမှန် လုပ်ထုံးလုပ်နည်းများအပြင် ကြားခံ အဖွဲ့အစည်းများ၏ အလေးအနက် စောင့်ကြည့်လေ့လာမှုမျိုးပါ ထားရှိသလို လုပ်ငန်းအတွေ့အကြုံများမှ သင်ခန်းစာများ ရယူခဲ့သည်။

စီမံကိန်း ဧရိယာ အပိုင်း ၁/ ဇုန်(A)အတွက် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖော်ဆောင်မှုများကို မြန်မာအစိုးရ၏ အကူအညီဖြင့် အနည်းဆုံး ၂၀၁၆ နှစ်ကုန်ပိုင်း ကာလထိ ဆက်လက် ဖော်ဆောင်နေမည်ဟု မျှော်မှန်းထားသည်။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ငွေကြေးထောက်ပံ့သည့် နည်းပညာပိုင်း ပံ့ပိုးမှုများမှာ ၂၀၁၆ ဒီဇင်ဘာ လကုန်ထိ ဆက်ရှိနေမည် ဖြစ်သည်။