မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်၏ အဆင့်လိုက်တိုးတက်မှုများ(ဇုန်ဘီ - အပိုင်း ၁နှင့်၂)

         နယ်မြေ ၂-၁ (ဧရိယာ ၁၀၀ ဟက်တာ) နှင့် နယ်မြေ ၂-၂ (အရှေ့)(ဧရိယာ ၁၀၈ ဟက်တာ) နေ(ယင်းနယ်မြေများကိုနောက်ပိုင်းတွင်ဇုန်(ဘီ)-အပိုင်း(၁)နှင့်(၂)ဟုရည်ညွန်းသုံးစွဲသွားပါမည်။)စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများသည် မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ် (IRP) (Income Restoration Program) ကိုအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် IRP လုပ်ငန်းစီမံချက်အရ ကောင်းမွန်သောလူနေမှုဘ၀အခြေအနေများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မူလဝင်ငွေအခြေအနေသို့​ ပြန်လည်ရောက်ရှိ စေရန်ဦးစားပေးလုပ်ဆောင်ရမည့်လုပ်ငန်းများဖြစ်သော ပြန်လည်နေရာချထားသောနေရာ (RelocationSite) တွင်အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်းလုပ်ငန်းမှစတင်ပြီးမူလဝင်ငွေအခြေအနေသို့​ပြန်လည်ရောက်ရှိလာစေသောလုပ်ဆောင်မှုများကိုမြန်မာအစိုးရတာဝန်ရှိသူများ (GoM) ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) ၊ မြို့နယ်ဦးစီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ (CSO)၊ JICAကျွမ်း ကျင်ပညာရှင်အဖွဲ့(JICA Expert Team)၊ဝန်ဆောင်မှုပေးမည့်သူများနှင့် စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများ(ProjectAffectedPeoples-PAPs)သည်၂၀၁၇ခုနှစ်မှစတင်၍အစည်းအဝေးများ(Discussions)နှင့်အလုပ်ရုံဆွေးနွေးပွဲများ (Workshops)၌အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ပြီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံသားစိစစ်ရေးကတ်များ လျှောက်ထားပေးခြင်း (Applying National Registration Card-NRC)

     ၂၀၁၇ခုနှစ်တွင်ဇုန်(ဘီ)-အပိုင်း(၁)နှင့်(၂)တွင်နေထိုင်သူများအားပြန်လည်နေရာချထားရေးအစီအစဉ်များကိုစတင်ခဲ့ရာစီမံကိန်းကြောင့်ထိခိုက်နစ်နာသူအတော်များများတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်ထားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ နိုင်ငံသားစိစစ် ရေးကတ်ပြားမရှိသောပြည်သူများသည် သီလဝါ အထူး စီးပွားရေးဇုန် (Thilawa Special Economic Zone-TSEZ) တွင် အလုပ်လုပ်ကိုင်ရန်၊ ဘဏ်စာရင်းဖွင့်ရန်၊ တရားဝင် ခရီးသွားလာရန်နှင့် အခြားနေ့စဉ်လူမှုဘ၀တွင် တရားဝင်ဆောင်ရွက် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များကိုပါ မပြုလုပ်နိုင်ခဲ့ကြပါ။ ၂၀၁၈ ခုနှစ် နှင့်၂၀၁၉ ခုနှစ်တွင် မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ် (IRP) အရသက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့နှင့် ပူပေါင်း၍ စီမံကိန်းနယ်မြေများ (ဇုန်-ဘီ)-အပိုင်း (၁) နှင့်(၂)မှစီမံကိန်းကြောင့်ထိခိုက်နစ်နာသူများသည် နိုင်ငံသားစိစစ်ရေးကတ်များလျှောက်ထားရာတွင်အကူအညီပေးခြင်းနှင့်ပြန်လည်နေရာချထားသောနေရာသို့ ပြောင်းရွှေ့ နေရာချထားရာတွင်လိုအပ်သောသန်းခေါင်စာရင်းပြောင်းရွှေ့ရာတွင်အကူအညီပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။

     အတိအကျအားဖြင့်ထိခိုက်နစ်နာသူများ၏ မူလဝင်ငွေ အခြေအနေ သို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ် IRP အရမြန်မာအစိုးရတာဝန်ရှိသူများသည် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့်ပူပေါင်း၍ အိမ်ထောင်စု (၂၅) စုကို သန်းခေါင်စာရင်း ပြောင်းရွှေ့လျှောက်ထားပေးခြင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူ (၃) ဦးနှင့်အသစ်လျှောက်ထားလိုသူ(၇)ဦးတို့ကိုနိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင်အကူအညီပေးခြင်း များကို ဆောင်ရွက်ပေးခဲ့ပါ သည်။       

ဇုန်ဘီ အပိုင်း-(၁)နှင့်(၂)မှစီမံကိန်းကြောင့်ထိခိုက်နစ်နာသူ (PAPs) များအတွက် နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရန်ဆောင်ရွက်ပေးခြင်း

ကျောင်းသားများကို အနီးအနားရှိကျောင်းသို့ ပြောင်းရွှေ့ပေးခြင်း  (Transferring School Children to a Nearby School) 

       သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ(TSMC)နှင့်ပညာရေးဝန်ကြီးဌာန၏အကူအညီဖြင့်စီမံကိန်း ဒေသဇုန်(ဘီ)-အပိုင်း(၁)နှင့်(၂) ရှိ စီမံကိန်းကြောင့်ထိခိုက်နစ်နာသော အိမ်ထောင်စုမှ ကျောင်းသား(၂၇)ဦး ကိုကျောင်းပြောင်းရွှေ့ပေးရာတွင်ပြန်လည်နေရာချထားသောနေရာအနီးရှိတွဲဖက်အတက်တန်းကျောင်းသို့၂၀၁၇ခုနှစ်၊မေလတွင် ကျောင်းသား(၁၆)ဦးကိုလည်းကောင်း ၊ ၂၀၁၈ခုနှစ် မေလတွင်ကျောင်းသား(၁၁)ဦးကိုလည်းကောင်းပြောင်းရွှေ့ပေးခဲ့ပါသည်။ကျောင်းသားမိဘများက၎င်းတို့၏သားသမီးများကျောင်းတက်ရောက်နေမှုနှင့်ပတ်သက်၍ကျေနပ်မှုရှိ ကြောင်း ဖော်ပြခဲ့ကြပါသည်။ 

လုပ်ငန်းခွင်မ၀င်မီကြိုတင်ပြင်ဆင်ခြင်းသင်တန်း၊ အသက်မွေးဝမ်းကြောင်း သင်တန်း နှင့် အလုပ်အကိုင် ချိတ်ဆက်ပေးခြင်း။ (Job Readiness Training, Vocational Training and Job Matching)

(၁) လုပ်ငန်းခွင်မ၀င်မီကြိုတင်ပြင်ဆင်ခြင်းသင်တန်း (Job Readiness Training)

         ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကျပန်းလုပ်ငန်းများကို အဓိက​လုပ်ကိုင်ခဲ့ကြသော စီမံကိန်းကြောင့်ထိခိုက်နစ်နာသောသူများသည် လုပ်ခလစာရလုပ်ငန်းများတွင် ဝင်ရောက်လုပ် ကိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါသည်။ဤသို့လေ့ကျင့်သင်ကြားပေးခြင်းဖြင့်စီမံကိန်းကြောင့် ထိခိုက်နစ် နာသောသူများသည် အလုပ်အကိုင်ရရှိခြင်း၊ လုပ်ငန်းခွင်အလေ့အထကောင်းများ လိုက်နာ ကျင့်သုံးခြင်းစသည့်တိုးတက်အောင်မြင်မှုများ ရရှိစေမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို တတိယကျွမ်းကျင် အဖွဲ့အစည်းများ (ThirdParties) သို့မဟုတ်စီမံကိန်းကြောင့်ထိခိုက်နစ်နာသူသည်အလုပ်နှင့်ကိုက်ညီသောကြောင့်အလုပ်ခန့်အပ်ပေးရန်အလားအလာရှိသောလုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်ပေးလေ့ရှိပါသည်။

      ၂၀၁၈ခုနှစ်၊ မေလ တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) နှင့် မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်မှုလီမီတတ် (MJTD) တို့၏ မေတ္တာရပ်ခံချက်အရ (TSEZ) ရင်းနှီးမြုပ်နှံ သူများဖြစ်ကြသည့် (Alidac Healthcare Myanmar Co., Ltd) နှင့် (Foster Electric Co., Ltd) တို့သည် ဇုန်-ဘီအပိုင်း၁)သည် စီမံကိန်းကြောင့် ထိခိုက်နစ်နာသောသူများအား နှစ်ရက်တာကြာသောလုပ်ငန်းခွင်မ၀င်မီကြို တင်ပြင်ဆင်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

         နည်းပညာဆိုင်ရာ လိုအပ်သောသင်တန်း အထောက်အကူပြု Presentationများကို (JICA) ကျွမ်းကျင်ပညာရှင်အဖွဲ့ (JET) မှ ပံ့ပိုးပြီးသီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) သည် သင်တန်းသားများသင်တန်းတက်ရောက်မှုကိုအထောက်အကူဖြစ်စေရန်အတွက် သင်တန်းသားများ၏နေ့တွက်စရိတ်ထောက်ပံ့ငွေနှင့်သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို တာဝန်ယူစီစဉ်ပေးခဲ့ပါသည်။

         သင်တန်း ၏အဓိက ရည်ရွယ်ချက်မှာစီမံကိန်းကြောင့်ထိခိုက်နစ်နာသောပြည်သူများအနေဖြင့် ၎င်းတို့နှင့်သင့်တော်သောအလုပ်များ လွယ်ကူစွာရရှိရန်နှင့် ယင်းအလုပ်များအတွက် လိုအပ်သည်များကိုပြင်ဆင်ထားနိုင်ရန်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ စုစုပေါင်းသင်တန်းသား(၂၃)ယောက် တက်ရောက်ခဲ့ပါသည်။ သင်ရိုးညွန်းတမ်းတွင်မိမိနှင့်သင့်တော်သော အလုပ်အကိုင် မည်သို့ရှာဖွေရမည်၊ မိမိကိုယ်ရေးအချက် အလက်များကို မည်သို့ပြင်ဆင်ရမည်၊ အင်တာဗျူး မည်သို့ဖြေဆိုရမည် ဆိုသည့် အချက်အလက်များအပြင် အလုပ်သမားကောင်း တစ်ဦး​၏ လုပ်ငန်းခွင်ဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စက်ရုံအလုပ်ရုံများ၏ စည်းမျဉ်းစည်းကမ်းအခြေခံ သတ်မှတ်ချက်များ စသည်တို့လည်း ပါဝင်ပါသည်။

Alidac Healthcare Myanmar Co., Ltdမှ သင်တန်းပေးခြင်း

အုပ်စုလိုက်မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း Lecture by Foster Electric Co., Ltd  မှ သင်တန်းပေးခြင်း

ဇုန်ဘီ အပိုင်း - (၁)နှင့်(၂) မှ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူ(PAPs) များအတွက် လုပ်ငန်းခွင်မ၀င်မီ ကြိုတင်ပြင်ဆင်ခြင်း သင်တန်းစီစဉ်ပေးခြင်း

(၂) အသက်မွေးဝမ်းကျောင်းသင်တန်း (Vocational Training)

         အသက်မွေးဝမ်းကျောင်း သင်တန်းများသည် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) သို့မဟုတ် အခြား​စနစ်တကျဖွဲ့စည်းထားသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လိုသောစီမံကိန်းကြောင့်ထိခိုက်နစ်နာသော​သူများ (PAPs) အလုပ်အကိုင်ရရှိစေရန်အတွက်အထောက်အပံ့အဖြစ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။အသက်မွေးဝမ်းကျောင်းသင်တန်းသည် စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် (TSEZ)သို့မဟုတ်အနီးအနားတွင်အလုပ်အကိုင်ရရှိနိုင်စေရန်အတွက်လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများရရှိစေနိုင်ရန်အတွက် အထူးအရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။ဤအသက်မွေးဝမ်းကျောင်းသင်တန်းများကိုပုံမှန်အားဖြင့်အလုပ်ခန့်အပ်ပေးရန် အလားအလာရှိသောလုပ်ငန်းရှင်များ သို့မဟုတ် တတိယအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများဖြင့်စီစဉ် ဆောင်ရွက်ပေးလေ့ရှိပါသည်။

       မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ်(IRP)လုပ်ငန်းစဉ်များအရယာဉ်မောင်းသင်တန်း(၁)ခုနှင့်အထည်ချုပ်သင်တန်း(၂)ခုအပါအဝင်အသက်မွေးဝမ်းကျောင်းသင်တန်းအမျိုးအစားများကိုဇုန်ဘီအပိုင်း-(၁)နှင့်(၂)ရှိ စီမံကိန်းများကြောင့် ထိခိုက်နစ်နာသူများအတွက် ကျယ်ပြန့်စွာစီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ ယာဉ်မောင်း သင်တန်း တစ်ခုအား (TSMC) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဗဟို သင်တန်းကျောင်း (Central Institute of Transport and Communication) တို့ ပူးပေါင်း ၍ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ တွင် စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား     သင်တန်းသား(၁၄)ဦး တက်ရောက်ခဲ့ပြီး စံနှုန်းများနှင့်ကိုက်ညီသူများသည် သင်တန်းအပြီးတွင် ယာဉ်မောင်းလိုင်စင်ရရှိနိုင်ခဲ့ပါသည်။အချို့သင်တန်းသားများသည် သင်တန်းတက်‌ရောက်ပြီးနောက် မိမိတို့၏ဆွေမျိုးသားချင်းများ၏ ကားများကို မောင်းပေးခြင်းဖြင့် ဝင်ငွေရရှိကြပါသည်။

      ၂၀၁၈ခုနှစ် ၊ ဇူလိုင်လတွင် ပထမအကြိမ် အခြေခံနှင့် အဆင့်မြင့် အထည်ချုပ်သင်တန်းကို (TSEZ)၏၏ စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများထဲမှ CSR (Corporate Social Responsibility Activities) လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မြန်မာ- ဂျပန် သီလဝါဖွံ့ဖြိုးမှုလီမီတတ် (MJTD) မှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဒုတိယအကြိမ် အခြေခံနှင့် အဆင့်မြင့်အထည် ချုပ်သင်တန်းကိုမူလဝင်ငွေပြန်လည်ရရှိစေရေး (IRP) လုပ်ငန်း စဉ်တစ်ရပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့်အတူ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ပါသည်။ ဤဒုတိယ အကြိမ်သင်တန်းတွင် လူမှုဝန်ထမ်းဦးစီး ဌာနမှအထည်ချုပ်ကျွမ်းကျင်သင်တန်းဆရာ တစ်ဦး ကျောက်တန်းသို့ လာရောက်ကာ ဇုန်ဘီအပိုင်း-(၁)နှင့်(၂)မှ စီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများကိုသင်တန်းပို့ချပေးခဲ့ပါသည်။ပထမအကြိမ်နှင့်ဒုတိယအကြိမ်သင်တန်းများတွင်တက်ရောက်သူသင်တန်းသား စုစုပေါင်း (၁၃)ဦးစီ ရှိခဲ့ပါသည်။ သင်တန်းတစ်ခုပြီးဆုံးတိုင်းတွင်သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှ သင်တန်းသား များ ကို အပ်ချုပ်စက်တစ်လုံးစီ ဌားရမ်းပေးခဲ့ပါသည်။ သင်တန်းသားအများစု အနေဖြင့် သင်တန်းတက်‌ရောက်ပြီးပါက  မိမိနေအိမ်တွင် အဝတ်အထည်ချုပ်လုပ်ခြင်း၊ သီလဝါအထူးစီးပွားရေးဇုန်(TSEZ) အတွင်းရှိအထည်ချုပ်စက်ရုံများ သို့မဟုတ် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) အနီးအနားရှိ ‌ဒေသခံစက်မှုဇုန်များ သို့မဟုတ် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) အနီးအနားရှိအထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေ ရရှိနိုင်မည်ဖြစ်ပါသည်။             

အခြေခံယာဉ်မောင်းသင်တန်းတက်ရောက်သူများ (၂၀၁၈)

စက်ချုပ်သင်တန်း (၂၀၁၈)

စက်ချုပ်သင်တန်း(၂၀၁၉)

ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) မှ (PAPs) များ အတွက် ယာဉ်မောင်းသင်တန်းကို ၂၀၁၈ ခုနှစ်နှင့်အထည်ချုပ်သင်တန်း ကို ၂၀၁၉ ခုနှစ်တွင် စီစဉ် ပေး ခြင်း

 (၃)  အလုပ်အကိုင်ချိတ်ဆက်ပေးခြင်း (Job Matching)

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ အထိ သီလဝါအထူးစီးပွားရေးဇုန် (TSEZ) သည် ကုမ္ပဏီစုစုပေါင်း (၁၀၂) ခုကို သီလဝါစက်မှု ဇုန်အေနှင့် ဇုန်ဘီ တွင် အလုပ်လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ပါသည်။ ၎င်းတို့ အနက်ကုမ္ပဏီ(၇၂) ခုမှာ လုပ်ငန်းလည်ပတ်လျက်ရှိပြီး ကုမ္ပဏီ(၁၈) ခုမှာတည်ဆောက်ဆဲ ဖြစ်ပါသည်။ ဇုန် အေနှင့် ဇုန် ဘီ-အပိုင်း (၁) ရှိ အခြေခံအဆောက်အအုံဖွံဖြိုးရေးလုပ်ငန်းများ မှာ အလုံးစုံပြီးစီးနေပြီး ဖြစ်ပါသည်။ ဇုန်အေ၏ (၉၈) ရာခိုင်နှုန်းအား နိုင်ငံပေါင်း ၁၇နိုင်ငံမှ ရင်းနှီးမြုပ်နှံသော ကုမ္ပဏီပေါင်း(၈၅)ခု မှနေရာယူထားပြီး ဇုန်ဘီ  အပိုင်း(၁) ၏ (၆၄) ရာခိုင်နှုန်းအား နိုင်ငံပေါင်း ၇ နိုင်ငံမှရင်းနှီးမြုပ်နှံ သော ကုမ္ပဏီ(၁၃)ခု မှနေရာယူလျက်ရှိကြပါသည်။ ဇုန်ဘီ အပိုင်း(၂) တွင်မှု အခြေခံအဆောက်အအုံများအား တည်ဆောက်ဆဲ ဖြစ်ပါသည်။ လုပ်ငန်းလည်ပတ်နေသော စက်ရုံများနှင့် တည်ဆောက်ဆဲ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဒေသခံလုပ်သားများအားအလုပ်ခန့်အပ်နေကြပြီးဖြစ်ပါသည်။

           မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်(IRP) ၏ဆောင်ရွက်မှု အစီအစဉ်အရ  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ TSMC၊ MJTD၊ ရင်းနှီးမြုပ်နှံသူများ၊ ကန်ထရိုက်တာ၊ တဆင့်ခံကန်ထရိုက်တာ subcontractor များနှင့်ချိတ်ဆက်ပူးပေါင်း၍ ဇုန်ဘီ-အပိုင်း(၁) နှင့် (၂) ရှိ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများအားအလုပ်အကိုင်ခေါ်ယူမှုသတင်း အချက်အလက်များ ဖြန့်‌‌ဝေပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ (CV) ပြင်ဆင်ခြင်း ၊ အင်တာဗျူးဖြေဆိုရန်နှင့် သင့်လျော် သည့် အလုပ်အကိုင်ရရှိရန် ကူညီခြင်းစသည့်ကိစ္စရပ်များကို IRP မှထောက်ပံ့ပေးခဲ့ပါသည်။ TSEZ တွင် လုပ်ကိုင်ရန်ဆန္ဒရှိသော စီမံကိန်းကြောင့် ထိခိုက်နစ်နာသော ပြည်သူများနှင့်အလုပ်အကိုင်များရှိစီမံကိန်းကြောင့် ထိခိုက်နစ်နာ သူများ ၏ တိုးတက် မှုအခြေအနေ ကိုစဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အရ သီလဝါအထူးစီးပွားရေးဇုန်တွင် စီမံကိန်းကြောင့်ထိခိုက်နစ်နာသူ (၃၆)ဦး ဝင်ရောက်လုပ်ကိုင်နေကြပြီး (၄၁)ဦး မှာ အလုပ်လျှောက်လွှာ တင်ထားကြပါသည်။

ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ ပြန်လည်နေရာချထားသောနေရာများတွင် လူတစ်ဦးချင်းစီကို အလုပ်အကိုင်စီမံပေးနိုင်ရန်သတင်းအချက်အလက်များဆက်သွယ်ပေးခြင်း

ပြန်လည်နေရာချထားသောနေရာရှိ အခြေခံအဆောက်အအုံများ တိုးတက်မှု  (Infrastructure Improvement at the Relocation Site)

         ဇုန်ဘီအပိုင်း - (၁) နှင့် (၂) ၏ ပြန်လည်နေရာချထားသောနေရာ (Relocation Site-RS) တွင် ၂၀၁၇ခုနှစ် မိုးတွင်းကာလ၌ အိမ်သာအသုံးပြုသူအရေအတွက်ပေါ်မူတည်၍ မိလ္လာကန်များ (Septic Tank) မှ ရေဆိုးများလျှံကျမှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် TSMC မှ နယ်မြေတွင်း   နေထိုင်သူများနှင့် မကြာခဏ တွေ့ဆုံခြင်း၊ မြေမျက်နှာပြင်အမြင့်ကိုတိုင်းတာခြင်းစသည့် စုံစမ်းစစ်ဆေးမှုများ ကိုဆောင်ရွက်ခဲ့ပါသည်။JETမှလည်းအဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် TSMC ကို လိုအပ်သောအကူအညီ များပေးခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုများအရ မိုးရာသီတွင် မိုးရေများမှာမြေဆီလွှာ အတွင်းသို့ စီးဆင်းခြင်းကြောင့် မြေအောက်ရေမျက်နှာပြင်မှာမြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်းတွေ့ရှိခဲ့ရပါသည်။ဤပြဿနာကိုဖြေရှင်းသည့်အနေဖြင့်၂၀၁၈ခုနှစ်၊ဇွန်လအကုန်တွင်(အောက်တွင်ဖော်ပြထားသည့်အတိုင်း)ရေမြောင်းထဲသို့ရေပိုထုတ်သောပိုက်တပ်ဆင်ထားသော ထပ်ဆောင်း မိလ္လာကန်တစ်ခုစီကိုတပ်ဆင်ပေးခဲ့ပါသည်။ 

ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ ပြန်လည်နေရာချထားသောနေရာများတွင် မိလ္လာကန်များ (Septic Tank) ထပ်မံဆောက်လုပ်ပေးခြင်း

      အခြားပြဿနာတစ်ခုမှာပြန်လည်နေရာချထားသောနေရာအတွင်းသို့ကုန်တင်ကားကြီးများဝင်ရောက်မှု ကြောင့် ရေနုတ်မြောင်းအချို့ပျက်စီးခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (အောက်ဖော်ပြပါ အတိုင်း) ပျက်စီးသွားသော ရေနုတ်မြောင်းအားလုံးကို ပြုပြင်ပြီးဖြစ်ပါသည်။  

ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ ပြန်လည်နေရာချထားသောနေရာများတွင် ရေနုတ်မြောင်းများ ပြုပြင်ပေးခြင်း (Drainage)

        ၂၀၁၉ခုနှစ်၊ဇွန်လတွင် ပြန်လည်နေရာချထားသောနေရာအတွင်းရှိ အနီးအနားရှိချောင်းအတွင်းသို့စီး ဆင်းသောရေနုတ်မြောင်း(၂)ခုကိုပြန်လည်နေရာချထားသောနေရာ၏မူလပိုင်ရှင်မှမြေဖို့ခဲ့ခြင်းကြောင့်ဇုန်ဘီအ ပိုင်း(၁)နှင့်(၂)၏ပြန်လည်နေရာချထားသောနေရာများတွင်ရေလျှံမှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့်မူလပိုင်ရှင်နှင့်ညှိနှိုင်း၍ဖို့ထားသောမြေများကိုဖယ်ရှားခြင်းဖြင့်အဆိုပါပြဿနာကိုပြေလည်စေခဲ့ပါသည်။ပြန်လည်နေရာချထားသောနေရာတွင် ရေလွှမ်းမိုးသည့်ပြဿနာကိုလည်း ထိုနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပါသည်။

      ဇုန် ဘီ အပိုင်း - (၁)နှင့် (၂) မှ ပြန်လည်နေရာချထားသောနေရာများတွင် ရေနုတ်မြောင်းများပိတ်ဆို့ ၍ ရပ်ကွက်အတွင်းရေလျှံမှုကိုဖြေရှင်း ပေးခြင်း   

        ထပ်မံ၍ အခြားပြဿနာတစ်ခုမှာ ရေပေးဝေသည့် မြေအောက်ရေအရည်အသွေးကြောင့်ဇုန်(ဘီ)အပိုင်း(၁)နှင့်(၂)၏ ပြန်လည်နေရာချထားသောနေရာအတွင်းရှိ ရေပေးဝေရေးစနစ်ရှိသံဓါတ်ဖယ်ရှားသောကန်၌ဖြစ်ပေါ်ခဲ့ပါသည်။ ဤပြဿနာအား သံဓါတ်ဖယ်ရှားသောကန် အတွင်းတွင်ပါရှိသည့်အိုင်းယွန်းဟိုက်ဒရောဆိုဒ် အနည်များအားစုစည်းစေခြင်းဖြင့် သံဓါတ်ဖယ်ရှားသောကန်အား သန့်ရှင်းခြင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလ မှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ အထိ လစဉ်ပြုလုပ်၍ ယာယီဖြေရှင်းခဲ့သည်။ တစ်ချိန်တည်း၌ ၂၀၁၈ခုနှစ်တွင်ပေးဝေနေသည့်ရေ၏အရည်အသွေးအား ဓာတ်ခွဲခန်းတွင် လေးကြိမ်ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ပါသည်။ 

ဇုန်ဘီအပိုင်း-(၁)နှင့်(၂)မှ ပြန်လည်နေရာချထားသောနေရာများတွင် ရပ်ကွက်ကိုရေပေးဝေသည့်စနစ်တွင် သံဓါတ်ဖယ်ရှားသောရေလှောင်ကန်များကို သန့်ရှင်းပေးခြင်း

           ကာလရှည် ရေအရည်အသွေးပြဿနာနှင့်စပ်လျဉ်း၍ အရည်အသွေးကောင်းသော မြေအောက်ရေ အမြောက်အများ ရရှိနိုင်သည့် ရေအောင်းလွှာတစ်ခုကို ရှာဖွေ၍ အဝီစီတွင်း အသစ်တစ်ခု တူးဖော်ရန် JICA​ကျွမ်းကျင်ပညာရှင် အဖွဲ့မှ အဆိုပြုခဲ့ပါသည်။ ဇုန် ဘီ အပိုင်း (၁) နှင့် (၂) ရှိ စီမံကိန်းကြောင့် ထိခိုက်နစ်နာ​သူများနှင့်ညှိနှိုင်းပြီးနောက် လက်ရှိအသုံးပြုနေသော အဝီစိတွင်းနားတွင် ၎င်းထက်တိမ်သောအဝီစီတွင်းအသစ်တစ်ခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထပ်မံ တူးဖော်ခဲ့ပါသည်။ အဝီစိတွင်းအသစ်မှ မြေအောက်ရေအရည်အသွေးအား ဓာတ်ခွဲခန်း၌ စစ်ဆေးပြီးနောက်အဆိုပါအဝီစီတွင်းအသစ်မှ ထွက်ရှိသော ရေသည် မူလတွင်းဟောင်းမှထွက်ရှိသည့်ရေထက် သံဓာတ်ပါဝင်မှုလျော့နည်းသဖြင့် အဆိုပါရေသည် အသုံးပြုရန် အရည်အသွေးပြည့်မီကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အဝီစိတွင်းသစ်ကို  ဇုန်ဘီအပိုင်း(၁)နှင့်(၂) ရှိပြန်လည်နေရာချထားသောနေရာ၌  ရေပေးဝေရန်အတွက် အသုံးပြုနေပါသည်။

ဇုန်ဘီ အပိုင်း - (၁)နှင့်(၂) မှ ပြန်လည်နေရာချထားသောနေရာများတွင် လက်ရှိအသုံးပြုနေသော အဝီစိတွင်းနှင့် အသစ်တူးဖော်ထားသော အဝီစိတွင်းသစ်များကိုသန့်ရှင်းပေးခြင်း

လူမှုဖူလုံရေးထောက်ပံ့မှုအစီအစဉ် (Social Welfare Support Program)

အားနည်းထိခိုက်လွယ်သောမိသားစုများအားထောက်ပံ့ခြင်း အစီအစဉ် (Vulnerable People Program)

          ရွှေ့ပြောင်းနေရာချသူများထဲမှ အားနည်းထိခိုက်လွယ်သောသူများ (Vulnerable People) သည် စီမံကိန်းမစတင်မီ မူလစားဝတ်နေရေး အနေအထားသို့ အနည်းစပ်ဆုံး ပြန်လည်ရောက်ရှိစေရန်စားဝတ်နေရေးအကူအညီများ ထပ်မံလိုအပ်ပါသည်။ထို့ကြောင့်IRP မှ   အဆိုပါ အားနည်းထိခိုက်လွယ်သောသူများကို အထူးဦးစားပေး၍ ၎င်းတို့၏အသက်မွေးမှု ဆိုင်ရာလိုအပ်သော ထပ်တိုး အကူအညီများကို ပေးလျက်ရှိပါသည်။ အားနည်းထိခိုက်လွယ် သောစီမံကိန်းကြောင့်ထိခိုက်‌နှစ်နာသူများနှင့်အိမ်ထောင်စုများ သည် ပြန်လည်နေရာချထားရေးလုပ်ငန်းစီမံချက် (Resettlement Work Plan-RWP) တွင်ပါဝင်သောရပိုင်ခွင့်များသာမကအားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဉ် (Vulnerable People Program-VPP) များကိုလည်း ခံစားပိုင်ခွင့် ပေးခဲ့ပါသည်။ ဤဆောင်ရွက်ချက်များသည် အားနည်းထိခိုက်လွယ်သော စီမံကိန်းကြောင့်ထိခိုက်‌နှစ်နာသူများအတွက် အသက်မွေးဝမ်းကျောင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် ပုံစံရေးဆွဲထားခြင်းဖြစ်သည်။

           ဤအစီအစဉ်သည်မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်(IRP)၏အစိတ်အပိုင်း(၁)၏အဓိက အစိတ်အပိုင်းဖြစ်သော အိမ်ထောင်စုများ ၏ဝင်ငွေရရှိမှုကို တိုးတက်စေခြင်းနှင့် အိမ်ထောင်စု၏ ငွေကြေးစီမံခန့်ခွဲနိုင်မှုဖြင့် ၎င်းတို့၏စီးပွားရေးအခြေအနေများကိုမူလအခြေအနေသို့အနည်းဆုံးပြန်လည်ရောက်ရှိရန် အထောက်အပံ့ပးရေးဖြစ်ပါသည်။ မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်(IRP)၏အားနည်းထိခိုက်လွယ်သောသူများအားထောက်ပံ့ ခြင်းအစီအစဉ် တွင် အောက်ဖော်ပြပါအဆင့်များ ပါဝင်သည်။

  • အခြေခံလူနေမှုအထောက်အပံ့များ ထပ်မံပံ့ပိုးခြင်း။
  • မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ် တွင်ပါဝင်သော သက်မွေးမှု လမ်းကြောင်းတခုခုကိုရွေးချယ်ခြင်း
  • မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ် ထောက်ပံ့မှုများ

         (VPP) လုပ်ငန်းစဉ်အောက်ရှိ အထောက်အပံ့အားလုံးကို အားနည်းထိခိုက်လွယ်သော အိမ်ထောင်စုတိုင်းသို့ (ဉပမာ-အားနည်းထိခိုက်လွယ်သောသူများနှင့်၎င်းတို့၏ မိသားစုဝင် များ - Vulnerable People and their Families) ပေးအပ်လျက်ရှိပါသည်။ဤအစီအစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်ဆိုင်ရာအုပ်ချုပ်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးအရေးကြီးပါသည်။ ဇုန် ဘီ အပိုင်း (၁) နှင့် (၂) အတွင်းရှိ အားနည်းထိခိုက်လွယ်သောသူများနှင့် မိသားစုဝင်များ အား အခြေခံလူနေမှု အထောက်အပံ့များကို ၂၀၁၈ခုနှစ်၊ မတ်လ မှ ယနေ့အချိန်ထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

         

မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်(IRP)၏အားနည်းထိခိုက်လွယ်သောသူများအားထောက်ပံ့ခြင်းအစီအစဉ်

         အားနည်းထိခိုက်လွယ်သောသူများအဖြစ် သတ်မှတ်ရာ၌ စံချိန်ညွန်း သတ်မှတ်ချက်များကို ဇုန် ဘီ အပိုင်း (၁) နှင့် (၂) အတွင်းရှိ ရပ်မိရပ်ဖများထံ အကြံဉာဏ်ရယူခြင်း၊ နယ်မြေအာဏာပိုင်များ၊ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများနှင့် ဆွေးနွေးခြင်း စသည်တို့ကို ပြန်လည်နေရာ ချထားရေးလုပ်ငန်းစီမံချက် (RWP) နှင့် မူလ၀င်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအစီအစဉ်များ (IRP) အပေါ်အခြေခံ၍ ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။

        ၂၀၁၉၊ ဇွန်လအထိ အားနည်းထိခိုက်လွယ်သော အိမ်ထောင်စုပေါင်း (Vulnerable Households) ၂၃ ခုရှိပြီး ၎င်းတို့ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှလစဉ်အခြေခံအသက်မွေးမှု အထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။ 

ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ အားနည်းထိခိုက်လွယ်သောသူများအတွက် အခြေခံသက်မွေးမှု အထောက်အပံ့များဆောင်ရွက်ပေးခြင်း

         တချိန်တည်းမှာပင် အားနည်းထိခိုက်လွယ်သော အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမှု အခြေအနေများအား သုံးလတစ်ကြိမ် စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက် စာရင်းကောက်ယူခြင်း (Quarterly Monitorin Survey) ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ မှ စတင်၍ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လအထိ၊ စစ်တမ်းလေးကြိမ် ကောက်ယူခဲ့ပြီးဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ၊ ဇွန်လ ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ

ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ အားနည်းထိခိုက်လွယ်သောအိမ်ထောင်စုများနှင့်စပ်လျဉ်း၍ သုံးလ တကြိမ်စစ်တမ်းကောက်ယူမှုပြုလုပ်ခြင်း

        ဇုန် ဘီ အပိုင်း (၁) နှင့် (၂) မှ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လူမှုဖူလုံရေး အထောက်အပံ့ (Social Welfare Support Program) ပေးအပ်သည့် အစီအစဉ်အရ ကလေးမွေးဖွားခြင်း၊ ဈာပနာ ၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပြင်းထန်သောနာမကျန်းခြင်းများအတွက် ငွေကြေးထောက်ပံ့မှုများကို ၂၀၁၉-ခုနှစ်၊ ဧပြီလမှ စတင်ဆောင်ရွက်လျက်ရှိပါသည်။

မြေယာပိုင်ဆိုင်မှုကို ခိုင်မာစေခြင်း။ (Secure ownership of the land property)

ဇုန်ဘီ-အပိုင်း (၁)နှင့်(၂) မှ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား မြေယာပိုင်ဆိုင်ခွင့် ပေးအပ်ခြင်း။ (Providing the Land Permit to relocated Zone B – Phase 1 PAPs)

          ဇုန်ဘီ- အပိုင်း (၁) နှင့်(၂) မှ ရွှေ့ပြောင်းအိမ်ထောင်စု စုစုပေါင်း (၉၁) စုအား TSMC မှမြေယာပိုင်ဆိုင်ခွင့်ပေးအပ်သည့်အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပါသည်။   

ဇုန်ဘီအပိုင်း-(၁)နှင့်(၂)ရှိအားနည်းထိခိုက်လွယ်သောအိမ်ထောင်စုများအတွက်ရွှေ့ပြောင်း အိမ်ထောင်စုများအားမြေယာပိုင်ဆိုင်ခွင့်ပါမစ် ဆောင်ရွက်ပေးခြင်း