စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း (ဇုန်ဘီအပိုင်း ၁နှင့်၂)

ဇုန် ဘီ  အပိုင်း - (၁) နှင့် (၂) တွင်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းလုပ်ငန်းစဉ် (Monitoring and Evaluation for Zone B – Phase 1)

     ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ပြန်လည်နေရာချထားရေးလုပ်ငန်း အစီအစဉ်များအရ ဧရိယာ (၂-၁) (၁၀၀ဟက်တာ)နှင့်ဧရိယာ(၂-၂)အရှေ့(၁၀၈ဟက်တာ)အပါအဝင်စီမံကိန်းကြောင့်ထိခိုက်နစ်နာသောသူများ(PAPs) ၏ မူလစီးပွားရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘ၀အဆင့် အတန်း လိုက်လျောညီထွေဖြစ်စေရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုးတက်မှုများနှင့် ပြဿနာများကို   ဌာနတွင်းအဖွဲ့မှ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် ပြင်ပအဖွဲ့မှ   စောင့်ကြပ် ကြည့်ရှုခြင်း (Internal and External Monitoring) တို့ ဆောင်ရွက်လျက်ရှိပါသည်။

       ဤသို့စောင့်ကြပ်ကြည့်ရှု့မှုများအပြင် မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိရေး (Income Restoration Program-IRP) အစီအစဉ် ပါဝင်သော ပြန်လည်နေရာချထား‌ရေးလုပ်ငန်းစီမံချက်၏ (RWP) လုပ်ငန်းစဉ်များနှင့် အကျိုးသက်ရောက်မှုကိုလည်း သိရှိနိုင်ရန် ပြင်ပအဖွဲ့မှ ဆန်းစစ်သုံးသပ်မှုများ (External Evaluation) ကို ဆောင်ရွက် လျှက်ရှိပါသည်။

ဌာနတွင်းအဖွဲ့မှ စောင့်ကြပ်ကြည့်ရှုခြင်း (Internal Monitoring)

          ဌာနတွင်းအဖွဲ့မှ စောင့်ကြပ်ကြည့်ရှု့မှုများ (Internal Monitoring) ကိုအဆင့် (၂) ဆင့်ခွဲ၍ ဆောင်ရွက်လျက်ရှိပါသည်။ လက်တွေ့ကွင်းဆင်းလေ့လာမှုများ (The Practical /Field Level) ကို (TSMC) နှင့် (JET) တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အစိုးရပိုင်းဆိုင်ရာအဆင့် (Official Level) ကို သက်ဆိုင်ရာအစိုးရတဆင့်ခံကော်မတီများက ပြန်လည် နေရာချထားသော နေရာများ(Resettlement Site)တွင် လိုအပ်သည့်အလျောက် ဆောင်ရွက်လျက် ရှိပါသည်။

          (TSMC) နှင့် JICA ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီမှ ကျွမ်းကျင်အဖွဲ့ (JET) တို့က လက်တွေ့ကွင်းဆင်းလေ့လာမှုများကို ဌာနတွင်းအဖွဲ့မှ စောင့်ကြပ်ကြည့်ရှု့မှုအဖြစ် ၂၀၁၇ ဒီဇင်ဘာလမှစ၍ အဓိကတာဝန်ယူဆောင်ရွက်၍ နှစ်ပတ် လျှင် တစ်ကြိမ်ကျ (ဇုန် ဘီ အပိုင်း (၁) နှင့် (၂) ) နေ ဒေသခံပြည်သူများ၏ ပြန်လည်နေရာချထားသော နေရာများသို့ မပြောင်းရွှေ့မီ နှင့် ပြောင်းရွှေ့အပြီး    တိုးတက်မှုအခြေအနေများကို စစ်ဆေး ကြည့်ရှု့ လျှက် ရှိကြပါသည်။(http://www.irpthilawa.com/weekly-report)

          ပြန်လည် နေရာချထားသောဒေသအတွင်းရှိ အခြေခံအဆောက်အအုံများ နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်တိုးတက်ဖြစ်ထွန်းမှု နှင့် ပြဿနာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ (TSMC) နှင့် (MJTD) တို့ပူးပေါင်း၍ ဆွေးနွေးတိုင်ပင်ပြီးရှေ့လျောက်တိုးတက်မှုများထပ်မံရရှိရန် နှင့် ပေါ်ပေါက်လာသော ပြဿနာများကို ချက်ချင်းကိုင်တွယ် ဖြေရှင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ကြပါသည်။

ပြင်ပအဖွဲ့မှ   စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက်စာရင်းကောက်ယူမှု (External Monitoring Survey)

 ပြင်ပအဖွဲ့မှ စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက် စာရင်းကောက်ယူမှု(EMS)ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

   (၁)ပြန်လည်နေရာချထားရေး (RWP) လုပ်ငန်းစီမံချက်များအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း ၍သီးခြားလွတ်လပ်သော အကဲဖြတ်မှုများ (An Independent Periodic Assessment) ကိုအခါအားလျော်စွာပြုလုပ်နိုင်ရန်၊ 

   (၂)ဌာနတွင်းအဖွဲ့မှ စောင့်ကြပ်ကြည့်ရှုခြင်းမှ ရလာဒ်များကို အတည်ပြုနိုင်ရန်

   (၃)စီမံကိန်းဒေသမှပြောင်းရွှေ့ပေးရသော ဒေသခံပြည်သူများ၏ လူမှုရေးစီးပွားရေး အခြေအနေများကို စောင့်ကြည့်အကဲဖြတ်နိုင်ရန် နှင့် မပြောင်းရွှေ့မီက အနေအထားများနှင့် နှိုင်းယှဉ်သုံးသပ်နိုင်ရန်၊

   (၄)ပြန်လည်သုံးသပ်သည့်ကာလအတွင်း စုံစမ်းတွေ့ရှိသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကောင်းမွန်မှန်ကန်သော အကြံဉာဏ်များပေးရန်။

       ပြန်လည်နေရာချထားရေးကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးသော ဇုန် ဘီ အပိုင်း (၁) နှင့် (၂) ရှိ PAPs များအပေါ် အဓိကထား၍ ပြန်လည်နေရာချထားသောလုပ်ငန်းစဉ်များနှင့် (IRP) လုပ်ငန်းစဉ်များ၏တိုးတက်မှုများနှင့်စပ်လျဉ်း၍ပြင်ပအဖွဲ့မှစောင့်ကြပ်ကြည့်ရှု့ခြင်းများကိုသီးခြားလွတ်လပ် သော အခြားအဖွဲ့အစည်းများ (An Independent Third Party) မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

(PAPs) များအား ပြန်လည်နေရာချထားပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ပြင်ပအကြံ ပေးအဖွဲ့ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ဆောင်မှု (Rural Development Service-TWA) စောင့်ကြပ်ကြည့်ရှု့ခြင်းများကို ယနေ့အထိ (၂) ကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပြင်ပ အဖွဲ့မှ   စောင့်ကြပ်ကြည့်ရှု့ခြင်းများအတွက် စာရင်းကောက်ယူခြင်း (EMS) ကိုပြုလုပ်ရာ၌ (PAPs) များ၏ လူမှုရေးစီးပွားရေးအခြေအနေများနှင့်စပ်လျဉ်းသည့် မေးခွန်းလွှာများ (Questionnaires)အသုံးပြု၍ လူတွေ့မေးမြန်းမှုများ (Interviews) ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

      အခြေချ/ပြောင်းရွှေ့သောလူဉီးရေတို့အားနှိုင်းယှဉ်ရန်အမျိုးမျိုးသောစီမံကိန်းကြောင့်ထိခိုက်နှစ်နာသောသူများ အပြင် မြိုင်သာယာ ရပ်ကွက် ကျေးရွာအုပ်စု (၂) နှင့် (၃) ရှိအိမ်ရှင်ဒေသခံပြည်သူများ (Host Community) ကိုပါပစ်မှတ်ထားပြီးစောင့်ကြပ်ကြည့် ရှုခြင်းစစ်တမ်းကောက်ယူမှုကိုပြုလုပ်ခဲ့ပါသည်။ ပြန်လည်နေရာချထားသောဒေသများရှိ (PAPs) များမှ အိမ်ရာများ ငှားရမ်း ဝယ်ယူ နေထိုင်ကြသော နေထိုင်သူအသစ်များ၏စာရင်းကိုလည်းရရှိရန်အရေးကြီးပါသည်။အောက်ဖော်ပြပါဇယား၌စစ်တမ်းကောက်ယူရာတွင် အဓိကထားသည့် အမျိုးမျိုးသော လူဦးရေအုပ်စုများကို ဖော်ပြထားပြီး ပထမအကြိမ် (EMS)နှင့် ဒုတိယအကြိမ် (EMS) တွင် အုပ်စုတခုစီ၌ ပါဝင်သည့် အိမ်ထောင်စုအရေအတွက်နှင့် အမှန်တကယ် ကောက်ယူရရှိသည့် အိမ်ထောင်စုစာရင်းဖြစ်ပါသည်။  

ပထမအကြိမ်နှင့် ဒုတိယအကြိမ် (EMS) တွင် စစ်တမ်းကောက်ယူရရှိခဲ့သည့် အုပ်စုများ  

(Target Groups for External Monitoring Survey in the 1st EMS and in the 2nd EMS)

  ပထမအကြိမ် ပြင်ပအဖွဲ့မှ   စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက်စာရင်းကောက်ယူခြင်း (The First EMS)

          ပထမအကြိမ် ပြင်ပအဖွဲ့မှ   စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက်စာရင်းကောက်ယူခြင်း ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူမှုရေးစီးပွားရေး အခြေအနေ စစ်တမ်းတွင် ပြန်လည်နေရာချထားပြီးနောက် ရွှေ့ပြောင်းနယ်မြေများတွင် တွေ့ကြုံရသည့် မွေးဖွားမှု၊ သေဆုံးမှု နှင့် ရောဂါဖြစ်ပွားမှု စာရင်းများ၊ အသက်မွေးဝမ်း ကျောင်းမှုများ ၊ ဝင်ငွေနှင့် အသုံးစရိတ် ၊ ပြောင်းရွှေ့ထားသော နေရာရှိအဆောက်အဦးများ ပြီးစီးမှုအခြေအနေ ၊ ပစ္စည်း ပိုင်ဆိုင်မှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝ ပတ်ဝန်းကျင်သဟဇာတရှိမှုအခြေအနေ၊ ဆက်သွယ်ရေး၊ လူမှုကွန်ယက်များနှင့် လူမှုရေး ဆိုင်ရာ ပါဝင်ပေါင်းစည်းမှု စသည့် အချက်များကိုကောက်ယူခဲ့ပါသည်။

ပထမအကြိမ် (EMS) မှ ကောက်ယူရရှိ ခဲ့ သော အဓိကတွေ့ရှိချက်များမှာ -

  • ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ (အုပ်စု က) တွင်ပါဝင်သော အိမ်ထောင်စုများသည် အခြားအုပ်စု များမှ (PAPs) များနှင့် (PAPs) မဟုတ်သူများထက် မိသားစုပိုမိုများပြားသော်လည်း အလုပ် လုပ်ကိုင်သည့်လူဦးရေမှာအလုပ်  မလုပ်သည့်လူဦးရေထက် လျော့နည်းနေသဖြင့် မှီခိုသူ ဦးရေအချိုးအစားမှာ အမြင့်ဆုံးဖြစ်သောကြောင့် ဝင်ငွေနှင့် ထွက်ငွေမမျှတသော အခက်အခဲ များကို ရင်ဆိုင်တွေ့ကြုံနေကြရပါသည်။
  • ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ပြန်လည်နေရာချထားသောနေရာများ (Relocation Site) မှ အိမ်များကို ငှားရမ်း၊ရောင်းချကြသော (အုပ်စု ခ) မှ (PAPs) များနှင့် ဒေသခံများ (အုပ်စု င) တွင် မှီခိုသူဦးရေအချိုးအစား ပိုမိုမြင့်မားပါသည်။
  • စီးပွားရေးလုပ်ငန်းများသာပြောင်းရွှေ့ရသော (အုပ်စု ဂ) မှ (PAPs) များသည် မှီခိုသူ ဦးရေ အချိုးအစား အနိမ့်ဆုံးဖြစ်ပါသည်။
  • ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ (အုပ်စု က ၊ ခ နှင့် ဂ) မှ (PAPs) မိသားစုများ၏ လစဉ် ဝင်ငွေသည် အသုံးစရိတ်ထက် ပိုမိုမြင့်မားပါသည်။
  • ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ပြန်လည်နေရာချထားသောနေရာ (Relocation Site) မှ (အုပ်စုက) တွင် ပါဝင်သော (PAPs) ၅၉ ရာခိုင်နှုန်းသည် အကြွေးများနှင့် လည်ပတ်နေရပါသည်။ ငွေချေးယူမှုမြင့်မားပြီး အကြွေးတင်ရှိမှုလည်း ပိုမို မြင့်မားကြောင်းတွေ့ရှိ ရပါသည်။
  • ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) ရှိ စီးပွားရေးလုပ်ငန်းများသာရွှေ့ပြောင်းရသော (အုပ်စု ဂ) မှ (PAPs) များသည် ငွေချေးယူမှုနှင့် အကြွေးတင်ရှိမှုနှင့် မှီခိုသူဦးရေ အချိုးအစား နည်းပါး သည်။ ထို့ကြောင့် အကြွေးတင်ရှိမှုမြင့်မားခြင်းသည်လုပ်ငန်းအဆက်ပြတ်ခြင်း၊အလုပ်လက်မဲ့ဖြစ်ခြင်း၊ငွေကြေးစီမံခန့်ခွဲမှုအားနည်း ခြင်းနှင့်ဝင်ငွေနှင့်ထွက်ငွေ(အသုံးစရိတ်)မမျှတခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်သွယ်ဝိုက်သောအကျိုးဆက်များ ဖြစ်ကြပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ (အုပ်စုက)တွင် အိမ်ထောင်စု ၁၀ ရာခိုင်နှုန်းသာ အကြွေးတင် ရှိနေကြပြီး အိမ်ထောင်စုအများစု ၄၀ ရာခိုင်နှုန်းမှာ ဘဏ် သို့မဟုတ် လက်ဝယ်တွင်ငွေကြေး စုဆောင်းထားရှိနိုင်ကြပါသည်။ ထို့ကြောင့် အသေးစားငွေချေးယူမှုလုပ်ငန်းများ ဤအုပ်စု (က) တွင် များစွာကျယ်ပြန့်ခြင်း မရှိဟု ဆိုနိုင်ပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ငါးနှစ်အထက် ကလေး ၉၀ ရာခိုင်နှုန်းမှာ ကျောင်းပညာ သင်ကြား လျက်ရှိကြပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ပြန်လည်နေရာချထားသောနေရာများတွင် ပတ်ဝန်းကျင် အခြေအနေများကို စစ်တမ်းကောက်ယူမှုအရ ရေအရည်အသွေးကောင်းမွန်ပြီး ရေမီတာများ ကိုတပ်ဆင်၍ ကျသင့်ငွေများကို ကောက်ခံမည်ဖြစ်ပါသည်။ လျှပ်စစ်သုံးစွဲမှုကျသင့်ငွေများ  နှင့်စပ်လျဉ်း၍   တိုင်ကြားမှုများ မတွေ့ရှိပါ။  
  • ပြန်လည်နေရာချထားသောနေရာများရှိ လမ်းများမှာ ယခင်နေရာများထက်ပိုမို ကောင်းမွန်သော်လည်း လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများ အဆင်ပြေစေရန် အတွက် ပြင်ဆင်ရန်လိုအပ်ပါသည်။
  • ဇုန်ဘီအပိုင်း(၁)နှင့်(၂)ရှိပြန်လည်နေရာချထားသောနေရာများတွင်နေထိုင်ကြသောဒေသခံအချို့သည်အသက်မွေးဝမ်းကျောင်းသင်တန်းများကိုတက်ရောက်ခဲ့ကြပါသည်။ပြန်လည်နေရာချထားသောသူများသည်မိမိတို့၏လုပ်ရိုးလုပ်စဉ်စီးပွားရေးနှင့်လူမှုရေးကွန်ယက်များကိုဖျက်ဆီးခံရပြီးအခက်အခဲများကိုဖြေရှင်းရန်အားနည်း ကြသောကြောင့် မူလဝင်ငွေ အခြေအနေပြန်လည်ရရှိစေရေး ဆောင်ရွက်ရာတွင် သက်မွေးမှုသင်တန်းများ သည်အဓိက အခန်းကဏ္ဍမှပါဝင်ပါသည်။ 

ဒုတိယအကြိမ် ပြင်ပအဖွဲ့မှ   စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက် စာရင်းကောက်ယူခြင်း (The Second EMS)

ဒုတိယအကြိမ် (EMS) ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် (EMS) တွင်ပါဝင်သော အချက်များကို ပြန်လည်သုံးသပ်စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် (EMS) မှ ကောက်ခံရ ရှိ ခဲ့ သော အဓိက တွေ့ရှိချက်များမှာ -

  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ (အုပ်စု က) ရှိ အိမ်ထောင်စုများသည် အခြားအုပ်စုများမှ (PAPs) များနှင့် (PAPs) မဟုတ်သူများထက် မိသားစုပိုမိုများပြားသော်လည်း မှီခိုဦးရေ အချိုး အစားမှာ အမြင့်ဆုံးဖြစ်သောကြောင့် ဝင်ငွေနှင့် ထွက်ငွေမမျှတသော အခက်အခဲများကို ရင်ဆိုင်တွေ့ကြုံနေကြရပါသည်။ စီးပွားရေးလုပ်ငန်းများသာပြောင်းရွှေ့ရသော (အုပ်စု ဂ) မှ (PAPs) များသည် မိသားစုဝင် မှီခိုဦးရေအချိုးအစား အနိမ့်ဆုံးဖြစ်ပါသည်
  • ဒုတိယအကြိမ် (EMS) ကောက်ခံရာ၌ ပြန်လည်နေရာချထားသော နေရာများ (Relocation Site) ရှိ အိမ်များကို ငှားရမ်း၊ ရောင်းချကြသော (အုပ်စု ခ) မှ (PAPs) များ ၏ လစဉ် အသားတင် ဝင်ငွေမှာ အမြင့်ဆုံးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများသာရွှေ့ပြောင်းရသော (အုပ်စု ဂ) မှ (PAPs) များက ဒုတိယ နေရာတွင်ရှိကြောင်း တွေ့ရှိရပါသည် ။ အုပ်စု (ဂ) မှာ (PAPs) နှင့် (Non-PAPs) အုပ်စုများတွင် အသုံးစရိတ် အနည်းဆုံးဖြစ်ပါသည်။
  • ပထမအကြိမ် EMS နှင့် နှိုင်းယှဉ်လျှင် ဒုတိယအကြိမ် (EMS) ကောက်ခံ ရာ၌ ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ အုပ်စု (က၊ ခ၊ ဂ) တို့၏ လစဉ်ပျမ်းမျှဝင်ငွေ ကျဆင်းလာသည်ကို တွေ့ရှိရ ပါသည် ။
  • ပထမအကြိမ် EMS နှင့် နှိုင်းယှဉ်လျှင် ဒုတိယအကြိမ် (EMS) ကောက်ခံရာ၌ ပြန်လည်နေရာချထားသော နေရာများ (Relocation Site) တွင်နေထိုင်ကြသော ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ (အုပ်စု က) မှ (PAPs) များ ၏ အသုံးစရိတ်မှာမြင့်တက်လာပြီး   (Relocation Site) ရှိ အိမ်များကို ငှားရမ်း၊ ရောင်းချကြသော (အုပ်စု ခ) မှ (PAPs) များ နှင့် စီးပွားရေး လုပ်ငန်းများသာ ရွှေ့ပြောင်းရသော (အုပ်စု ဂ) မှ (PAPs) များ၏ အသုံးစရိတ်မှာကျဆင်း နေကြောင်းတွေ့ရှိရပါသည် ။
  • ဒုတိယအကြိမ် (EMS) ကောက်ခံရာ၌ ပြန်လည်နေရာချထားသော နေရာများ (Relocation Site) တွင်နေထိုင်ကြသော (အုပ်စု က ) မှ (PAPs) များ ၏ ဝင်ငွေနှင့် ထွက်ငွေ ကွာခြားမှုလျော့နည်းလာ၍  မပြောင်းရွှေ့မီအနေအထားနှင့် တူညီလာပြီး စီးပွားရေးအခြေအနေ တည်ငြိမ်လာသည်ကိုတွေ့ရှိရပါသည်။ (Relocation Site)ရှိအိမ်များကိုငှားရမ်း၊ရောင်းချကြသော(အုပ်စု-ခ)မှ(PAPs)များနှင့် စီးပွားရေးလုပ်ငန်းများသာ ရွှေ့ပြောင်း ရသော (အုပ်စု ဂ) မှ (PAPs) များ၏ ဝင်ငွေသည် ထွက်ငွေထက် သိသိသာသာ တိုးတက်လာပြီး မပြောင်းရွှေ့မီ အခြေအနေထက်များစွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။
  • ဇုန် ဘီ ရှိ ပြန်လည်နေရာချထားသောနေရာများ (Relocation Site) တွင် နေထိုင်ကြသော အုပ်စု (ခ) မှ (PAPs) တို့သည် ကြွေးတင်ရှိမှုအမြင့်ဆုံးဖြစ်ပြီး (Relocation Site) ရှိ အိမ်များကို ငှားရမ်း၊ ရောင်းချကြသူတို့မှာ ဒုတိယနေရာတွင်ရှိပါသည် ။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) မှ စီးပွားရေးလုပ်ငန်းများသာ ရွှေ့ပြောင်းရသော (PAPs) တို့မှာ အကြွေးတင်ရှိမှု နည်းပါးသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ကြွေးတင်မှုမြင့်မားခြင်းသည် လုပ်ငန်းအဆက်ပြတ်ခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ငွေကြေး စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် ဝင်ငွေ နှင့် ထွက်ငွေ (အသုံးစရိတ်) မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် သွယ်ဝိုက်သောအကျိုးဆက်များဖြစ်ကြပါသည်။
  • အချို့သော (PAPs) နှင့် (Non-PAPs) အိမ်ထောင်စုများ တွင် ငွေစုဆောင်းသော အလေ့အထရှိပါသည်။ ဇုန် ဘီ အပိုင်း - (၁) နှင့် မှ ရွှေ့ပြောင်းရသော (PAPs) တို့တွင် အသေးစား ငွေချေးယူမှုပြုလုပ်ခြင်းမရှိဘဲ ဒေသခံပြည်သူများတွင်သာ (PACT Myanmar) မှ အသေးစားငွေချေးယူမှု ပြုလုပ်ထားရှိပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ငါးနှစ်အထက် ကလေး (၉၁) ရာခိုင်နှုန်းမှာ ကျောင်းပညာသင်ကြားလျက်ရှိကြပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ပြန်လည်နေရာချထားသော နေရာများရှိ သဘာဝပတ်ဝန်းကျင် အခြေများကို စစ်တမ်းကောက်ယူမှုအရ ရေအရည်အသွေးကောင်းမွန်ပြီး ရေမီတာများကိုတပ်ဆင်၍ ကျသင့်ငွေများ ကိုကောက်ခံမည်ဖြစ်ပါသည်။ လျှပ်စစ်သုံးစွဲမှု ကျသင့် ငွေများနှင့်စပ်လျဉ်း၍   တိုင်ကြားမှုများ မတွေ့ရှိပါ။  ရွှေ့ပြောင်းနယ်မြေရှိ လမ်းများကို လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများ အဆင်ပြေစေရန်အတွက် ပြင်ဆင်ရန်လိုအပ်ပါသည်။
  • စီမံကိန်းဒေသရှိဒေသခံပြည်သူများ (PAPs) အတွက်ရည်ရွယ်၍လုပ်ငန်းခွင်မ၀င်မီကြိုတင်ပြင်ဆင်ခြင်း သင်တန်း၊ ယာဉ်မောင်းသင်တန်းနှင့် အထည်ချုပ်သင်တန်းဖွင့်လှစ်ပေးခဲ့ပါသည်။ယာဉ်မောင်းသင်တန်းတက် ရောက်ပြီးနောက်ယာဉ်မောင်းလိုင်စင်ရရှိခဲ့ကြပါသည်။ဇုန်ဘီ အပိုင်း - (၁) နှင့် (၂) တွင်နေထိုင်ကြသောပြည်သူ (၃၁) ရာခိုင်နှုန်းခန့်   သည် အဆိုပါ   အသက်မွေးဝမ်းကျောင်းသင်တန်းများကို တက်ရောက်ခဲ့ကြပါသည်။
  • ဇုန် ဘီ အပိုင်း - (၁) နှင့် (၂) ရှိ ပြန်လည်နေရာချထားသော နေရာများမှ အိမ်ထောင်စုများ အနေဖြင့်သက်မွေးသင်တန်းများထပ်မံတက်ရောက်နိုင်ရန် စိတ်အားထက်သန်နေကြပါသည်။အဆိုပါအချက်ကိုထောက်ရှု၍ ဝင်ငွေပြန်လည်ရရှိစေရန် ဆောင်ရွက်ရာတွင် သက်မွေးသင်တန်းများ၏ တန်ဘိုးနှင့် ၄င်းတို့၏ အသုံးဝင်မှုတို့ကို ပိုမိုသိမြင်လာသည်မှာ ထင်ရှားပါသည်။
  • ပြန်လည်နေရာချထားသောနေရာများရှိဒေသခံပြည်သူများ၏ စီးပွားရေး နှင့်   လူမှုရေးအခြေအနေများ မူလအနေအထားသို့ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ရာတွင် သက်မွေးမှုသင်တန်းများသည်အဓိက အခန်း
  • ကဏ္ဍမှပါဝင်ပါသည် ။
  • စီးပွားရေးလုပ်ငန်းများသာ ရွှေ့ပြောင်းရသော (အုပ်စု ဂ) မှ (PAPs) တို့နှင့်ပြန်လည်နေရာချထားသောနေရာများ (Relocation Site) ရှိ အိမ်များကို ငှားရမ်း၊ ရောင်းချ ကြသော (အုပ်စု ခ) မှ (PAPs) များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လူမှုလှုပ်ရှားမှုများတွင် ပါဝင် ကြသည်ကိုတွေ့ရှိရပါသည် ။ပြန်လည်နေရာချထားသောနေရာများ (Relocation Site) တွင်နေထိုင်ကြသော ဇုန် ဘီ အပိုင်း - (၁) အုပ်စု (က) မှ (PAPs) ၅၀ ရာခိုင်နှုန်းကျော်မှာ လူမှုရေးအသင်းအဖွဲ့များတွင်    ပါဝင်ကြ သည်ကိုတွေ့ရှိရပါ သည်။