Welcome to Thilawa Resettlement Income Restoration Program

သီလဝါအထူးစီးပွားရေးဇုန်၏ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်မှ ကြိုဆိုပါသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် (IRP) ဆိုသည်မှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်(PAP) များကို ၎င်းတို့၏အသက်မွေးမှုအခြေအနေနှင့် ဝင်ငွေရင်းမြစ်များပြန်လည်ဖြည့် ဆည်းပေးပြီး တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။

မူလဝင်ငွေ အခြေအနေ သို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့်သူများ အနေဖြင့် ရွှေ့ပြောင်းမှု အပြီးတွင် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များ ကို ပြန်လည်ဖြည့်တင်းနိုင်ရေး အတွက် ဝင်ငွေရရှိစေရန် စီးပွားရေး လုပ်ဆောင်မှု အမျိုးမျိုးကို ဦးတည်ထားခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များ၏ ဝင်ငွေရရှိရေးအတွက် မရှိမဖြစ်လိုအပ်သောစွမ်းရည်မြှင့်တင်မှု၊ ရွှေ့ပြောင်း ရသူများအတွက် တည်ငြိမ်သည့် အလုပ်အကိုင် အခွင့်အလမ်းမျိုး ပေးအပ်နိုင်မှုများ အတွက်ထောက်ပံ့ကူညီနိုင် မည်ဖြစ်သည်။

နေ့စဉ်သတင်းများ

Posted: 2018-02-13
၂၀၁၈ ခုနှစ် မတ်လ ၆ ရက် နေ့တွင် (၆) ကြိမ်မြောက် သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများနှင့် ဒေသခံကိုယ်စားလှယ်များ တွေ့ဆုံမှု (TCC) အစည်းအဝေးကို MJTD ၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးပွဲသို့ MJTDမှ တာဝန်ရှိလူကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကြောင့် ထိခိုက်ခံရသော ကျေးရွာများမှ ဒေသခံကိုယ်စားလှယ်များ၊ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ နှင့် ဂျိုက်ကာ ကျွမ်းကျင်ပညာရှင်အဖွဲ့တို့မှ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။
Posted: 2017-12-22
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈) ရက် နေ့တွင် သီလဝါစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဂျိုက်ကာ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဇုန်ဘီ ပြန်လည်နေရာချထားရေးနေရာတွင် ရေအသုံးပြုမှုအလိုက် ငွေကြေးကောက်ခံမည့် ပမာဏအား သဘောတူညီချက် ချမှတ်ရန်အတွက် စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများနှင့် အတူအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စုစုပေါင်း (၅၇) ဦးတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရေအသုံးပြုမှုနှင့် ကျသင့်ငွေကောက်ခံ မှုများ၊ ရေထောက်ပံ့ရေး စနစ်အတွက် ပြုပြင်ထိန်းသိမ

No front page content has been created yet.