သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး စီမံကိန်း နောက်ခံအကြောင်းတရား

သီလဝါ အထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ မျှအကွာတွင် တည်ရှိသည်။ ဇုန်၏ စုစုပေါင်း အကျယ်အဝန်းသည် ဟက်တာ ၂၄၀၀ မျှရှိပြီး စီမံကိန်း အပိုင်း ၁ အတွက် ဟက်တာ ၄၀၀ စာမြေနေရာကို သတ်မှတ်ခဲ့သည်။ ကျန်ဟက်တာ ၂၀၀၀ အကျယ်အဝန်းသည် စီမံကိန်း အပိုင်း ၂ အတွက် လျာထားခြင်း ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနှင့် ဂျပန် အစိုးရများ၊ နှစ်နိုင်ငံမှ ကုမ္ပဏီများ စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို အဓိက ဖော်ဆောင်သည့် မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် ထူထောင်ခဲ့သည်။ MJTDသည် မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆုမိတိုမို သီလဝါဖွံ့ဖြိုးတိုးတက်ရေးလီမိတက်(MMST)၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်ရာတွင် ပါဝင်သော အများပိုင် ကုမ္ပဏီ (MTSH)နှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)တို့က သီလဝါတွင် စက်မှု လုပ်ငန်း နေရာများ တည်ဆောက်ခြင်း၊ ရောင်းချခြင်းနှင့် ဖွင့်လှစ်ခြင်းတို့ ပြုလုပ်နိုင်ရန် အထူးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ MJTDတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ထည့်ဝင်မြှုပ်နှံမှုများ ပါဝင်သည်။

 

 

MJTDအကြောင်း အသေးစိတ် အချက်အလက်များ ဖတ်ရှုရန် - http://mjtd.com.mm/

TSMCအကြောင်း အသေးစိတ် အချက်အလက်များ ဖတ်ရှုရန် - www.myanmarthilawa.gov.mm

JICAအကြောင်း အသေးစိတ် အချက်အလက်များ ဖတ်ရှုရန် - www.jica.go.jp/english