သီလဝါအထူးစီးပွားရေးဇုန်နှင့်သက်ဆိုင်သော မကျေနပ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်း (TCMP)

၁။ နိဒါန်း

  • သီလဝါအထူးစီးပွားရေးဇုန်(TSEZ) (သို့မဟုတ် “ စီမံကိန်း ” ) သည် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသူများနှင့် ခိုင်မာသောဆက်ဆံရေးများ တည်ဆောက်ရန်ကြိုးစားပြီး ဒေသခံလူထုများအပေါ် ထိခိုက်နိုင်သော၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုကိုစီမံခန့်ခွဲပါသည်။ သို့သော်လည်း ၎င်းတို့၏လုပ်ငန်းနှင့်ပတ်သက်၍ မကျေနပ်ချက်များသည် မကြာခဏ ဖြစ်ပွားနိုင်သည်ကို အသိအမှတ်ပြုပါသည်။
  • သီလဝါအထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သည့်မကျေနပ်ချက်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း (TCMP) သည်စီမံကိန်းတွင် ပါဝင်ပတ်သက်သူများကို သီလဝါအထူးစီပွားရေးဇုန်နှင့်သက်ဆိုင်သည့် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်များကိုတိုင် ကြားခွင့်ပြုပြီး တိုင်ကြားချက်များကို မြန်ဆန်ပြီးရိုသေလေးစားစွာဖြင့် လက်ခံစဉ်းစား ဖြေရှင်းပေးမည်ဖြစ်ပါသည်။ TSEZ သည် အမှန်တကယ်ဖြစ်နေသော မကျေနပ်ချက်ဖြစ်စေ သို့မဟုတ် လေ့လာမှုကြောင့် ဖြစ်ပေါ်လာသော မကျေနပ်ချက်ဖြစ်စေ လက်ခံရရှိသော မကျေနပ်ချက်အားလုံးကို စဉ်းစားဆုံးဖြတ်ဖြေရှင်းပေးမည် ဖြစ်ပါသည်။
  • သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ထိခိုက်နစ်နာသည်ဟု မိမိကိုယ်ကိုယူဆသော ပါဝင်ပတ်သက်သူ မည်သူမဆိုကုန်ကျစရိတ်မရှိဘဲ ဤယန္တရားကို အသုံးပြုခွင့်ရှိမည်ဖြစ်ပါသည်။ တရားဥပဒေလုပ်ထုံး လုပ်နည်းများကို ဆောင်ရွက်ရန် မကျေနပ်ချက်တိုင်ကြားသူ၏ ဥပဒေအရမှန်ကန်မှုအခွင့်အရေးများသည် ဤယန္တရားတွင် ပါဝင်ခြင်းဖြင့် အကျိုးသက်ရောက်မှုမရှိဘဲ ယခင်အတိုင်းတည်ရှိနေမည်ဖြစ်ပါသည်။
  • TSEZ သည် ဤယန္တရားဖြစ်စဉ်နှင့် ၎င်း၏ရလဒ်များအပေါ် ယုံကြည်မှုကိုရှာဖွေနေပါသည်။ နောက်ဆုံးတွင် ထိခိုက်နစ်နာသောပါဝင်ပတ်သက်သူအုပ်စုအား ဤTCMPကိုဝေမျှမည်ဖြစ်ပါသည်။ TSEZ သည် ဆောင်ရွက်ရန်ဖြစ်စဉ်အားလုံးနှင့် ၄င်း၏ရလဒ် အချက်အလက်များအားလုံးကို သေချာစွာ လှိျု့ဝှက်ထိမ်းသိမ်းထားမည်ဖြစ်သည်။ TSEZသည် တိုင်ကြားသူများ အန္တရာယ်မကျရောက်စေရန် ဖြေရှင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တလေးတစားလှျိ့ဝှက်ထားမည်ဖြစ်သည်။
  • ဤ TCMP သည် အောက်တွင်ဖေါ်ပြထားသော စီးပွားရေးလုပ်ငန်းများ၏ တာဝန်ယူမှုတာဝန်ခံမှုအရ ယခုလက်ရှိအသုံးပြုနေသော TSMC နှင့် MJTD တို့၏ဦးဆောင်ညွှန်ကြားချက်များကိုအခြေခံ၍
    • သီလဝါအထူးစီးပွားရေးဇုန် (TSEZ) စီမံခန့်ခွဲမှုကော်မတီအသိပေးစာစောင် အမှတ် ၀၄/၂၀၁၅: သီလဝါအထူးစီးပွားဇုန်တွင်းရင်းနှီးမြုပ်နှံမှုသည် တာဝန်ယူမှုတာဝန်ခံမှုရှိကြောင်း သေချာစေရန် အသိပေးစာစောင်။
    • နိုင်ငံတကာသဘောတူညီချက် The UN Global Compact (UNGC)၏ အခြေခံမူ ၁၀ ချက်အရ- MJTD သည်၂၀၁၅ ခုနှစ် အောက်တိုဘာလမှစ၍ လက်မှတ်ရေးထိုးခဲ့ပါသည်။
  • ဤလုပ်ထုံးလုပ်နည်းသည် TSEZ ၏ကူညီထောက်ပံ့မှုဖြင့် ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် နိုင်င်ငံတကာ အဆင့်မီလုပ်ဆောင်ချက်များနှင့်အညီ ပြုလုပ်သည်။
  • ဤ TCMP သည် စိုးရိမ်ပူပန်မှု နှင့် မကျေနပ်ချက်များကို ထိရောက်မြန်ဆန်စွာ စီမံခန့်ခွဲရန် နှင့် ဒေသခံများ နှင့်ပါဝင်ပတ်သက်သူများကို စီမံကိန်းနှင့် ဤလုပ်ထုံးလုပ်နည်း၏ပြုလုပ်ပုံအကြောင်းကို အပြန်အလှန် ဆွေးနွေးနိုင်သော အခွင့်အရေးတစ်ခုကို လုပ်ဆောင်ပေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဤမကျေနပ်ချက်စီမံခန့်ခွဲမှုလုပ်ထုံလုပ်နည်း(TCMP)သည် ပါဝင်ပတ်သက်သူများ၏ တိုင်ကြားသံနှင့် တိုင်ကြားချက် ဖြစ်စဉ်များကို TSEZ မှလက်ခံစဉ်းစားနေပြီဖြစ်ကြောင်းကို ပါဝင်ပတ်သက်သူများကို အသိပေး၍ သူတို့၏ကျေနပ်မှုကို ရရှိစေသောအကျိုးကျေးဇူးများ တိုးမြှင့်ရရှိစေရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။
  • သီလဝါအထူးစီးပွားရေးဇုန်နှင့်သက်ဆိုင်သည့် မကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းသည် လက်ရှိကျင့်သုံးနေသော မြန်မာဥပဒေရေးရာလုပ်ထုံးလုပ်နည်းများကို အစားထိုးခြင်းမဟုတ်သည့်အပြင် လက်ရှိစီရင်ဆုံးဖြတ်ခြင်း နည်းလမ်းများ သို့မဟုတ် ပြည်တွင်းဥပဒေမှတဆင့် ရရှိသော အခြားတရားစီရင်ရေး (သို့မဟုတ်) အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော ဖြေရှင်းမှုများကို ဟန့်တားနှောက်ယှက်မည်မဟုတ်ပါ။
  •  

၁.၁။ ရည်ရွယ်ချက်

  • ဤမှတ်တမ်း၏ ရည်ရွယ်ချက်မှာ ပါဝင်ပတ်သက်သူများ၏မကျေနပ်မှုနှင့် စိုးရိမ်ပူပန်မှုတိုင်ကြားချက်များကို TSEZ အနေဖြင့် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာလေးစားစွာဖြင့် စီမံခန့်ခွဲနိုင်ရန် လုပ်ထုံးလုပ်နည်းကို အဓိပ္ပါယ်သတ်မှတ်ရန်ဖြစ်သည်။
  • ဤမှတ်တမ်းသည် ပါဝင်သောအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများ၊ သေချာတိကျသော အခန်းကဏ္ဍများနှင့် မကျေနပ်ချက်ကိုကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများအတွက် နယ်ပယ်နှင့် လုပ်ထုံးလုပ်နည်းအဆင့်များကို ရေးသားဖေါ်ပြထားသည်။
  • ဤမှတ်တမ်းသည် ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်နှင့် အတွေ့အကြုံပေါ်မူတည်၍ အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင် ပြင်ဆင်မည်ဖြစ်သည်။

၁.၂ ရည်ရွယ်ချက်များ

ဤလုပ်ထုံးလုပ်နည်းတွင် အောက်ပါရည်ရွယ်ချက်များပါဝင်သည်။

  • လူထုထံမှရရှိသော မကျေနပ်ချက်များအား လက်ခံခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့်ဖြေရှင်းခြင်း တို့အတွက် လျှင်မြန်ခြင်း၊ ရေရှည်တည်မြဲခြင်း၊ အသင့်တော်ဆုံးနည်းလမ်း၊ အဖွဲ့အစည်းတို့ဖြင့်အချိန်နှင့်တပြေးညီ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ယန္တရားကို တည်ထောင်ရန်။
  • မကျေနပ်မှုများအတွက် သင့်လျော်သောမှတ်တမ်းထားရှိခြင်းနှင့် မှန်ကန်သောအရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်နိုင်ရန်။
  • တွေ့ကြုံခဲ့သောနည်းလမ်းများနှင့် သင်ခန်းစာများအားသုံးသပ်မှုပြုလုပ်၍ လုပ်ဆောင်ချက်များစဉ်ဆက်မပျက် တိုးတက်ကောင်းမွန်လာစေရန်ပါဝင်ကူညီရန်။
  • အန္တရာယ်ဖြစ်စေမည့်ဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ထိရောက်စွာ ပါဝင်ပတ်သက်သူများကို အကူ အညီပေးရန် ပါဝင်ပတ်သက်သောသူများအား စောင့်ကြည့်ခြင်းနှင့်ရှာဖွေဖော်ထုတ်ခြင်း။
  • နိုင်ငံတကာမှကောင်းမွန်သောအလေ့အကျင့်များ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေခြင်း။

၂။ ရည်မှန်းချက်နယ်ပယ်

This procedure has the following objectives:

  • သီလဝါအထူးစီးပွားရေးဇုန်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ မိမိကိုယ်ကိုထိခိုက်နစ်နာသည်ဟုယူဆသော ပါဝင်ပတ်သက်သူများအားလုံးအတွက် ဤမကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းကို အသုံးပြုနိုင်ပါသည်။ သီလဝါ အထူးစီးပွားရေးဇုန်၏ လှုပ်ဆောင်မှုများနှင့်ပတ်သက်၍ တိုက်ရိုက်ထိခိုက်နစ်နာနိုင်ခြေရှိသောလူထုနှင့် စီမံကိန်းကြောင့် ထိခိုက်မည့် လူထုအတွက် အလေးထားဖြေရှင်းကုစားရန် နည်းလမ်းအထောက်အပံ့များ ပါဝင်ပါသည်။
  • ဤလုပ်ထုံးလုပ်နည်းအောက်တွင် ပါဝင်ပတ်သက်သူများအတွက် ပြဿနာအမျိုးအစား ကန့်သတ်ထားခြင်း များမရှိပါ။ သို့သော် မကျေနပ်မှုတိုင်ကြားချက်တစ်ခုခု လက်ခံရရှိသောအခါ ၄င်းတိုင်ကြားချက်ကို ပိုမိုသင့်လျော်စွာဖြေရှင်းနိုင်ရန် အထူးစီးပွားရေးဇုန်၏ ကွဲပြားသောလုပ်ငန်းစဉ်များ (သမာသမတ်ကျသော စီးပွားရေးနှင့် သက်ဆိုင်သည့်ပြဿနာများနှင့် အလုပ်ခန့်ထားခြင်းနှင့်သက်ဆိုင်သည့် ပြဿနာများကဲ့သို့) အောက်တွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရလေအောင် သင့်တော်သောဌာနသို့ ထပ်မံပြန်လည် ညွှန်ကြားလွှဲပြောင်းပေးမည်ဖြစ်ပါသည်။ တိုင်ကြားချက်ဖြေရှင်းမှုလုပ်ငန်းစဉ်နှင့် မသက်ဆိုင်သော တိုင်ကြားမှုများ မှလွဲ၍ သီလဝါအထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သော မကျေနပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း အောက်တွင် လက်ခံရရှိသော တိုင်ကြားချက်များအားလုံးကို အပြီးသတ်ပိတ်သိမ်း သည့်တိုင်အောင် ဖြေရှင်းဆောင်ရွက်သွား မည်ဖြစ်သည်။
  • ဤလုပ်လုပ်ထုံးလုပ်နည်းသည် ယေဘုယျအားဖြင့်ပြည်သူလူထုထံမှရရှိသော မကျေနပ်ချက်များအား စီမံ ခန့်ခွဲခြင်း နည်းစနစ်အတွက် အထောက်အပံ့ပေးရန် ရေးဆွဲထားသော လုပ်ထုံးလုပ်နည်းဖြစ်ပြီး မြန်မာ့ဥပဒေ ရေးရာလုပ်ငန်းစဉ်များ၊ တည်ရှိပြီးသော အလုပ်သမားမကျေနပ်မှုဆိုင်ရာ ဖြေရှင်းဆောင်ရွက်မှုနည်းလမ်းများ၊ ပုံမှန်စီးပွားရေးနှင့်သက်ဆိုင်သော ညှိနှိုင်းဆွေးနွေးချက် သို့မဟုတ် တည်ရှိပြီးသောစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ ဖြင့် အစားထိုးလုပ်ဆောင်သွားမည် မဟုတ်ပါ။
  • သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ယေဘုယျပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော၊ မတိကျသော မကျေနပ်မှုများ၊ ဖြေရှင်းနိုင်ဖွယ်မရှိသော တိုင်ကြားမှုများကို ထုတ်ဖော်ဖြေကြားမည်မဟုတ်ဘဲ သီးသန့်ဖြစ်ရပ်တစ်ခုအဖြစ်ထားရှိမည်ဖြစ်ပါသည်။ဤကိစ္စမျိုးသည်သီလ၀ါအထူးစီးပွားရေးဇုန်တွင်တရားဝင်တာဝန်မရှိပါ။

၃။ မကျေနပ်ချက်တိုင်ကြားရန်အတွက်နည်းလမ်းများ

ဒေသခံလူထုများအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သည့် မကျေနပ်ချက်တစ်ခုကို တိုင်ကြားရာတွင် အသုံးပြုနိုင်သည့် “နည်းလမ်း” များစွာရှိသည်။ ဤနည်းလမ်းများဖြင့်သာ တိုင်ကြားရမည်ဟု သတ်မှတ်ထား ခြင်းမရှိသော်လည်း အသုံးပြုနိုင်သည့်နည်းလမ်းများတွင် အောက်ပါနည်းလမ်းတို့ပါဝင်သည်။

  • ဒေသခံလူထုများဆီသို့ SEZ မှအရာရှိတစ်ဦးလာလည်ချိန်တွင် ၎င်းအရာရှိအား လူကိုယ်တိုင် တိုင်ကြားခြင်း၊
  • SEZ ဆီသို့သွားရောက်၍ လူကိုယ်တိုင် တိုင်ကြားခြင်း၊
  • အကြံပေးစာလက်ခံသည့် စာတိုက်ပုံး (ကျေးရွာအုပ်စု (သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်) ထားရှိခြင်း၊
  • လူထုကိုယ်စားပြုကြားခံပုဂ္ဂိုလ်များမှတဆင့် တိုင်ကြားခြင်း၊
  • SEZ သို့စာဖြင့်တိုင်ကြားခြင်း၊ နှင့်
  • ကျေးရွာများ (သို့မဟုတ်) SEZထဲတွင် SEZ၏ကိုယ်စားလှယ်များမှ ကျင်းပသော ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် တိုင်ကြားခြင်း။

အောက်ဖော်ပြပါ ပုံကားချပ်တွင် သီလ၀ါအထူးစီးပွားရေးဇုန် မကျေနပ်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း(TCMP) ကို ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို အသေးစိတ်ဖတ်ရှုရန်

  • Thilawa SEZ Complaints Management Procedure.pdf
  • TSEZ Complaints Management Form.

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ /  မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေး  ကော်မတီတို့မှ ပူးပေါင်းဖွဲ့စည်းထားသော လူထုဆက်ဆံရေးအဖွဲ့ (CRT)