မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း နှင့် မူလဝင်ငွေ အခြေအနေ သို့ ပြန်လည် ရောက်ရှိစေခြင်း နှင့် သက်ဆိုင်သော လူမှုစွမ်းဆောင်ရည် မြှင့်တင်မှု ဆိုင်ရာ ဆွေးနွေးပွဲများ

သီလဝါအထူးစီးပွားရေးဇုန်တွင် လူမှုစွမ်းဆောင်ရည်များ မြှင့်တင်ခြင်း ( လူမှုစွမ်းဆောင်ရည် မြှင့်တင်မှု လမ်းညွှန်ချက်)

အထူးစီးပွားရေးဇုန်တွင် စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ အလားအလာ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်၏ လူမှုရေး၊ အလုပ်သမားရေးရာနှင့် လူ့အခွင့်အရေး ကဏ္ဍများနှင့် အသင့်တော်ဆုံးဖြစ်စေမည့် မူဝါဒများ ဖန်တီးချမှတ်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မှတ်ယူနိုင်သည်။

အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ လူမှုအသိုက်အဝန်း၊ လူ့အခွင့်အရေးနှင့် လုပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲခဲ့သည်။ အဆိုပါ မူဝါဒများကို ယခုအခါ အပြီးသတ်အဆင့် ပြန်လည် ဆန်းစစ် သုံးသပ်လျက် ရှိသည်။

၀၁၅၊ ဩဂုတ်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)က သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တာဝန်ယူမှု ရှိရေးကို သေချာစေရေး ကြေညာစာအမှတ် ၀၄/၂၀၁၅ ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာစာကို အောက်ပါ Linkတွင် ကြည့်ရှုနိုင်သည်။

http://www.myanmarthilawa.gov.mm/sites/default/files/Responsible%20business.pdf

၂၀၁၆၊ မေတွင် TSMCက အကျင့်ပျက်ခြစားမှု ဆန့်ကျင်ခြင်း ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများထံ အသိပေး ကြေညာမှု တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာစာကို အောက်ပါ Linkတွင် ကြည့်ရှုနိုင်သည်။

http://www.myanmarthilawa.gov.mm/sites/default/files/Notice1_2016_Anti-corruption.pdf

နောက်ထပ် လမ်းညွှန်ချက်များကို မြန်မာ့ အလုပ်သမားဥပဒေ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် စီမံထိန်းသိမ်းရေး၊ လုပ်ငန်းရှင်များနှင့် လူမှုအသိုက်အဝန်း ဆက်စပ်မှု၊ အရေးဆို တိုင်ကြားမှုနှင့် နစ်နာမှုများအပေါ် အခြေခံ၍ စီစဉ် ရေးဆွဲနေဆဲ ဖြစ်သည်။

မြေယာသိမ်းယူခြင်း၊ ပြန်လည်နေရာချထားရေးနှင့် မူလ၀င်ငွေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် သက်ဆိုင်သော အတွေ့အကြုံများကို မျှဝေခြင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော  မြို့ပြပတ်ဝန်းကျင်တွင်မြေယာသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆွေးနွေးပွဲကို  သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဦးဆောင်ကျင်းပပြီး၊ ဂျိုက်ကာနှင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူ ပြုဌာနတို့မှ ပူးပေါင်းပါဝင် ကျင်းပခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် အများပြည်သူနှင့် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် လူမှုဝန်းကျင်ဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် အလေ့အကျင့်ကောင်းမှုများအကြောင်း ဆွေးနွေးပွဲကို ဂျိုက်ကာမှ ဦးဆောင်ကျင်းပခဲ့ပါသည်။

သီလ၀ါအထူးစီးပွားရေးရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန၊ ဂျိုက်ကာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် သီလ၀ါဖွဲံ့ဖြိုး တိုးတက်ရေးလီမိတက်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့မီးရထားဌာနတို့မှ တာဝန်ရှိသူများသညှ် မြေယာသိမ်းယူခြင်း၊ ပြန်လည်နေရာချထားရေးနှင့် မူလ၀င်ငွေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် သက်ဆိုင်သော အတွေ့အကြုံများကို မျှဝေရန်အတွက်  ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

အသေးစိတ် အချက်အလက်များကို ဆက်လက်ဖတ်ရှုရန်........

မို့ပြပတ်ဝန်းကျင်တွင်မြေယာသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆွေးနွေးပွဲ (ဒီဇင်ဘာ ၂၀၁၆)

IRP Presentation on Resettlement Seminar.pdf

Seminar Good Practice Land Acquisition and Resettlement.pdf

မြန်မာနိုင်ငံတွင် အများပြည်သူနှင့် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် လူမှုဝန်းကျင်ဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် အလေ့အကျင့်ကောင်းမှုများအကြောင်း (ဇူလိုင် ၂၀၁၇)

Session 1_Social Consideration _Performance.pdf

Session 2_ Resettlement & Income Restoration Program.pdf

Session 3_Responsible Business, Corporate Social Responsibility (CSR) and Creating Shared Value.pdf

Session 4_Stakeholder Engagement.pdf

Session 5_Grievance and Complaint Management.pdf

Session 6_Social Impact Assessment & Management.pdf