လူမှုစွမ်းဆောင်ရည် မြှင့်တင်ရန် ဖြည့်စွက် ဆောင်ရွက်ချက်များ

စီမံကိန်း အပိုင်း ၁/ ဇုန်(A)အတွက် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖြစ်မြောက်ရေး အစီအစဉ် အကောင်အထည် ဖော်နေစဉ် အတောအတွင်း သီလဝါ အထူးစီးပွားရေးဇုန်၌ လူမှုစွမ်းဆောင်ရည် မြှင့်တင်ရန် အစီအမံများကိုလည်း လုပ်ဆောင်ခဲ့သည်။ အဓိကကျသော လုပ်ငန်းစဉ်များကို အောက်ပါ စာပိုဒ်များတွင် ရှင်းလင်းတင်ပြထားပါသည်။

အကြံပေးညှိနှိုင်းမှုများ မြှင့်တင်ဆောင်ရွက်ခြင်း (ဘက်ပေါင်းစုံပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့)

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းများ အကောင်အထည် ပေါ်လာရေးအတွက်၊ အဓိကအားဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ လမ်းညွှန်ချက်များအတိုင်း စုံစမ်းစစ်ဆေး အတည်ပြုထားသည့် အစီရင်ခံစာပါ ရလဒ်များကို အခြေခံကာ ပြန်လည်နေရာချထားပေးရေး အစီအစဉ်များကို တွန်းအားပေးနိုင်ရန်နှင့် အပိုင်း ၁ စီမံကိန်းများ၏ ပြန်လည် နေရာချထားပေးရေး အစီအစဉ်ဆိုင်ရာ ပြင်ပစစ်တမ်းများ၏ ထောက်ခံဖော်ပြချက်များအတိုင်း တုံ့ပြန်နိုင်ရန်အတွက် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့ (MSAG)တစ်ခု ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုသည် ပြန်လည်နေရာချထားရေး အစီအစဉ်များအပေါ် လူထု၏ စိုးရိမ်မှု သဘောထားကို တုံ့ပြန်ရန်နှင့် ရှေ့တွေကြုံလာနိုင်သည့် စိန်ခေါ်မှု အချို့ကို ဖြေရှင်းရာ၌ ဘက်ပေါင်းစုံ အကြံပြု ဖြေရှင်းမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်ကြောင်း မြန်မာအစိုးရ၏ အသိအမှတ် ပြုခြင်းများကြောင့် ဖြစ်သည်။

ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းများတွင် အဓိက အရေးပါသည့် ကုမ္ပဏီ လုပ်ငန်းများကြား မူဝါဒ ရေးဆွဲမှု၊ ဦးစားပေး သတ်မှတ်ဆောင်ရွက်မှုနှင့် စီမံကိန်း ကွပ်ကဲမှု၊ အထူးစီးပွားရေးဇုန်ကြောင့် ရွှေ့ပြောင်းခဲ့ရသော လူ့အဖွဲ့အစည်းများ ကောင်းကျိုးဖြစ်ထွန်းစေမည့် အခြေအနေများ မြှင့်တင်နိုင်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးနိုင်ခြင်းမျိုး ဖန်တီးရန်
  • ပြန်လည်နေရာချထားရေး အစီအစဉ်များ ဖြစ်မြောက်အောင် ဆောင်ရွက်နေစဉ် အတောအတွင်း စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများဘက်မှ စိုးရိမ်ကြောင့်ကြမှု၊ ကန့်ကွက် အရေးဆိုမှု ဖြစ်လာနိုင်သော အခြေအနေများကို ဖော်ထုတ်ရန်နှင့် ယင်းသို့သော အရေးကိစ္စများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ ကန့်ကွက် အရေးဆိုမှုများနှင့် ပတ်သက်ပြီး မှန်ကန်သင့်တော်သည့် ဖြေရှင်းမှုများ ထောက်ကူပေးရန်၊ သို့မဟုတ် အခြားလိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်
  • သီလဝါ အပိုင်း ၁ စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီ လုပ်ငန်းများနှင့် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများ၏ မည်သို့သော အရေးကိစ္စ၊ စိုးရိမ်ကြောင့်ကြမှု၊ ကန့်ကွက် အရေးဆိုမှုမျိုးကိုမဆို သက်ဆိုင်ရာစီမံကိန်း ဖြစ်မြောက်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ သိရှိနိုင်စေရန်
  • ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက်နှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်များကို အကောင်အထည် ဖော်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြည့်မြောက်အောင် ဆောင်ရွက်နိုင်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးရန်
  • သီလဝါ စီမံကိန်း အပိုင်း ၁ ပြန်လည်နေရာချထားရေး အစီအစဉ်သည် ပြောင်းရွှေ့ခဲ့ရသူများအတွက် နိုင်ငံတကာ စံနှုန်းညီ ပြန်လည် နေရာချထားရေးနှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် လုပ်ငန်းစဉ်များ နည်းတူ ကောင်းမွန် တိုးတက်သည့် ရလဒ်ကောင်းများ ဖြည့်တင်းပေးနိုင်ရန်
  • သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သဘောပေါက် နားလည်စေမည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစွာ စီမံကိန်းဝင် ကုမ္ပဏီများ၏ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို လျှော့ချရန်
  • သီလဝါ အပိုင်း ၁ စီမံကိန်း ဖော်ဆောင်ရာမှ ရရှိလာသည့် အတွေ့အကြုံ သင်ခန်းစာများကို အပိုင်း ၂ စီမံကိန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချရန်

ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥက္ကဋ္ဌ - Ms. Vicky Bowman, ဒါရိုက်တာ, မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)

အတွင်းရေးမှူး - ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ပညာရှင်အဖွဲ့

အဖွဲ့ဝင်များ -

  • သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး (၁)
  • မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖြစ်မြောက်ရေး ဆပ်ကော်မတီ ကိုယ်စားလှယ်များ (၂)
  • မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် ကိုယ်စားလှယ်များ (၂)
  • စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်/ အသိုက်အဝန်း ကိုယ်စားလှယ်များ (၂) [သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၂/ ဇုန်(B) ကိုယ်စားပြုသူ တစ်ဦး ပါဝင်သည်]
  • ညှိနှိုင်းဆွေးနွေးသူများ (၁)
  • အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပေါင်းကူး (၁)၊ Earth Rights International (၁)၊ သီလဝါ လူမှု ဖွံ့ဖြိုးရေးအဖွဲ့ (၁)

ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးများကို ၂၀၁၅၊ ဖေဖော်ဝါရီမှ ၂၀၁၆၊ မတ်လ အတောအတွင်း သုံးလတစ်ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၆၊ ဇူလိုင်/ဩဂုတ် လများတွင် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့နှင့် ပတ်သက်၍ ပြင်ပအမြင်ဖြင့် ဆန်းစစ်သုံးသပ်မှု တစ်ခုကို ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန်းစစ်သုံးသပ်မှု အစီအစဉ်၌ ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေး အဖွဲ့သည် အမှန်တကယ် လိုအပ်မှု ရှိမရှိ၊ အချိန်ကိုက် ဖွဲ့စည်းခြင်း ရှိမရှိတို့အပြင် ကုမ္ပဏီများနှင့် စီမံကိန်းနှင့် ဆက်စပ်သော လူ့အဖွဲ့အစည်းတို့ကြား ပေါင်းကူးဆက်ဆံရေးတွင် လုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက် အသစ်များ လိုအပ်နိုင်သည့် အခြေအနေကိုပါ ချဉ်းကပ် လေ့လာခဲ့သည်။

စီမံကိန်း ဖွံ့ဖြိုးရေး လုပ်ငန်းနယ်ပယ်အတွက် ကွဲပြားသော လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် ဆွေးနွေးမှု အစီအစဉ်များလည်း စတင်နေပြီ ဖြစ်သည်။

ကမ္ဘာ့ အသိုက်အဝန်းနှင့် အတွေ့အကြုံ ဝေမျှခြင်း (၂၀၁၅၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး ဖိုရမ်)

၂၀၁၅၊ နိုဝင်ဘာတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)၊ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များ၊ မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)၊ အန်ဂျီအို အဖွဲ့အစည်းများ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ပညာရှင် အဖွဲ့တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် စတုတ္ထ အကြိမ်မြောက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး ဖိုရမ်၏ ဆွေးနွေးညှိနှိုင်းမှု အစီအစဉ် တစ်ခုတွင် ပါဝင်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်ကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေသော အဖွဲ့အစည်းများက စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းအမြစ်ဌာန၊ Global Business Initiative on Human Rightsတို့ကပါ ပူးပေါင်းပါဝင်ခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှု အဖွဲ့၏ အဓိက ဦးတည်ချက်သည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်၍ ဖွဲ့စည်းခဲ့သည့် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့၏ ဆောင်ရွက်မှုများ ဖြစ်သည်။ ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့က အကာအကွယ်ပေးခြင်း၊ လေးစားလိုက်နာမှုရှိခြင်း၊ ပြန်လည်ကုစားမှုပေးခြင်းဆိုသော မူဘောင်သုံးရပ်နှင့်အညီ အသေးစိတ် သက်ရောက်မှုများနှင့် ရေရှည် အဆင်ပြေ သင့်လျော်သည့် ဖြေရှင်းမှုများ ဖြည့်စွမ်းပေးနိုင်ရန် ဖြစ်သည်။

အဆိုပါ အဖွဲ့ကို ကုလသမဂ္ဂ၏ အကာအကွယ်ပေးခြင်း၊ လေးစားလိုက်နာမှုရှိခြင်း၊ ပြန်လည်ကုစားမှုပေးခြင်း အခြေခံမူဘောင်အား ပါဝင်ပတ်သက်သော အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်ဆောင် အကောင်အထည်ဖော်ခြင်းဟု အမည်တပ်ခဲ့သည်။

ပါဝင်ဆွေးနွေးသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဒေါက်တာ သန်းအောင် (သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)၏ တွဲဖက် အတွင်းရေးမှူး) (ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ လမ်းညွှန်ချက်များမှ ပထမမူဘောင်ကို အစိုးရက စောင့်ထိန်းလိုက်နာကြောင်း)
  • Mr. Takashi Yanai, MJTD ဥက္ကဋ္ဌ (ဒုတိယမူဘောင်ကို စောင့်ထိန်းရန် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း)
  • သီလဝါ ဒေသခံ ကိုယ်စားလှယ်နှင့် Ms. Vicky Bowman, အမှုဆောင် ဒါရိုက်တာ, မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) (ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့ကို နစ်နာမှုများအတွက် ကူညီဖြေရှင်း ဖေးမကူညီမှု လုပ်ငန်းစဉ်တွင် ပါဝင်စေခြင်းဖြင့် တတိယ မူဘောင်ကို ဖြည့်စွမ်းခြင်း)

အဆိုပါ ဆွေးနွေးမှု အစီအစဉ်နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

http://www.ohchr.org/Documents/Issues/Business/ForumSession4/ConnectingThreePillarsOnTheGround14oct.pdf

သီလဝါအထူးစီးပွားရေးဇုန်တွင် လူမှုစွမ်းဆောင်ရည်များ မြှင့်တင်ခြင်း ( လူမှုစွမ်းဆောင်ရည် မြှင့်တင်မှု လမ်းညွှန်ချက်)

အထူးစီးပွားရေးဇုန်တွင် စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ အလားအလာ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်၏ လူမှုရေး၊ အလုပ်သမားရေးရာနှင့် လူ့အခွင့်အရေး ကဏ္ဍများနှင့် အသင့်တော်ဆုံးဖြစ်စေမည့် မူဝါဒများ ဖန်တီးချမှတ်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မှတ်ယူနိုင်သည်။

အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ လူမှုအသိုက်အဝန်း၊ လူ့အခွင့်အရေးနှင့် လုပ်သားသစ် စုဆောင်းခြင်းဆိုင်ရာ မူဝါဒများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲခဲ့သည်။ အဆိုပါ မူဝါဒများကို ယခုအခါ အပြီးသတ်အဆင့် ပြန်လည် ဆန်းစစ် သုံးသပ်လျက် ရှိသည်။

၂၀၁၅၊ ဩဂုတ်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)က သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တာဝန်ယူမှု ရှိရေးကို သေချာစေရေး ကြေညာစာအမှတ် ၀၄/၂၀၁၅ ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာစာကို အောက်ပါ Linkတွင် ကြည့်ရှုနိုင်သည်။

http://www.myanmarthilawa.gov.mm/sites/default/files/Responsible%20business.pdf

၂၀၁၆၊ မေတွင် TSMCက အကျင့်ပျက်ခြစားမှု ဆန့်ကျင်ခြင်း ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများထံ အသိပေး ကြေညာမှု တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာစာကို အောက်ပါ Linkတွင် ကြည့်ရှုနိုင်သည်။

http://www.myanmarthilawa.gov.mm/sites/default/files/Notice1_2016_Anti-corruption.pdf

နောက်ထပ် လမ်းညွှန်ချက်များကို မြန်မာ့ အလုပ်သမားဥပဒေ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် စီမံထိန်းသိမ်းရေး၊ လုပ်ငန်းရှင်များနှင့် လူမှုအသိုက်အဝန်း ဆက်စပ်မှု၊ အရေးဆို တိုင်ကြားမှုနှင့် နစ်နာမှုများအပေါ် အခြေခံ၍ စီစဉ် ရေးဆွဲနေဆဲ ဖြစ်သည်။

မြေယာသိမ်းယူခြင်း၊ ပြန်လည်နေရာချထားရေးနှင့် မူလ၀င်ငွေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် သက်ဆိုင်သော အတွေ့အကြုံများကို မျှဝေခြင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော  မြို့ပြပတ်ဝန်းကျင်တွင်မြေယာသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆွေးနွေးပွဲကို  သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဦးဆောင်ကျင်းပပြီး၊ ဂျိုက်ကာနှင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူ ပြုဌာနတို့မှ ပူးပေါင်းပါဝင် ကျင်းပခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် အများပြည်သူနှင့် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် လူမှုဝန်းကျင်ဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် အလေ့အကျင့်ကောင်းမှုများအကြောင်း ဆွေးနွေးပွဲကို ဂျိုက်ကာမှ ဦးဆောင်ကျင်းပခဲ့ပါသည်။

သီလ၀ါအထူးစီးပွားရေးရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန၊ ဂျိုက်ကာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် သီလ၀ါဖွံဲ့ဖြိုး တိုးတက်ရေးလီမိတက်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့မီးရထားဌာနတို့မှ တာဝန်ရှိသူများသညှ် မြေယာသိမ်းယူခြင်း၊ ပြန်လည်နေရာချထားရေးနှင့် မူလ၀င်ငွေသို့ ပြန်လည်ရောက်ရှိစေရေးနှင့် သက်ဆိုင်သော အတွေ့အကြုံများကို မျှဝေရန်အတွက်  ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

အသေးစိတ် အချက်အလက်များကို ဆက်လက်ဖတ်ရှုရန်........

မို့ပြပတ်ဝန်းကျင်တွင်မြေယာသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာအလေ့အကျင့်ကောင်းများဆွေးနွေးပွဲ (ဒီဇင်ဘာ ၂၀၁၆)

IRP Presentation on Resettlement Seminar.pdf

Seminar Good Practice Land Acquisition and Resettlement.pdf

မြန်မာနိုင်ငံတွင် အများပြည်သူနှင့် ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် လူမှုဝန်းကျင်ဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် အလေ့အကျင့်ကောင်းမှုများအကြောင်း (ဇူလိုင် ၂၀၁၇)

Session 1_Social Consideration _Performance.pdf

Session 2_ Resettlement & Income Restoration Program.pdf

Session 3_Responsible Business, Corporate Social Responsibility (CSR) and Creating Shared Value.pdf

Session 4_Stakeholder Engagement.pdf

Session 5_Grievance and Complaint Management.pdf

Session 6_Social Impact Assessment & Management.pdf