![](http://irp.myanmarthilawa.gov.mm/sites/default/files/new1.jpg)
မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်တစ်ရပ်အနေဖြင့် ဇုန်(ဘီ)စီမံကိန်းကြောင့်ထိခိုက်သူများအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ၁၄ရက်နေ့တွင်စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သောအခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့တွင် မြိုင်သာယာမူကြိုကျောင်းတွင် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသူများကို သင်တန်းဆင်းလက်မှတ် များအား အသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်ပြီးသော စီမံကိန်းကြောင့်ထိခိုက်သူများကို စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုကာဝင်ငွေရှာဖွေ စေလိုသောရည်ရွယ်ချက်ဖြင့် မော်တာအပ်ချုပ်စက်များအား အခမဲ့ငှားရမ်းပေးခဲ့ပါသည်။ ထို့အပြင် သင်တန်းဆရာမနှင့် သင်တန်းသူများအား သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ CUTE Myanmar ကုမ္ပဏီမှထုတ်လုပ်သော အရုပ်များကိုလည်းမေတ္တာလက်ဆောင်ပေးခဲ့ကြပါသည်။