ဇုန်(ဘီ)အပိုင်း(၃)မှအားနည်းသောအိမ်ထောင်စုများအားစတင်ထောက်ပံ့ခြင်းအစီအစဉ်(၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်)

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်များအဖွဲ့၏နည်းပညာကူညီမှုဖြင့် ဇုန်ဘီအပိုင်း(၃)စီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ်ထောင်စုများထဲမှအားနည်းသောအိမ်ထောင်စုများဟုသက် မှတ်ထားသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု ၁၂ စုတို့အား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီကို ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက်၌ထောက်ပံ့ပေးခဲ့ပါသည်။