ဇုန်(ဘီ)အပိုင်း၎မှစီမံကိန်းကြောင့်ထိခိုက်သူများနှင့်မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်အကြောင်းအလုပ်ရုံဆွေးနွေးပွဲ ( ၂၀၂၀ ခုနစ် မတ်လ ၂ရက်)

၂၀၂၀ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက် ဓမ္မာရုံ၌ဇုန်(ဘီ)အပိုင်း(၄)မှ စီမံကိန်းကြောင့်ထိခိုက်သူများနှင့်မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်(IRP)အကြောင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲသို့အပိုင်း(၄)မှပြောင်းရွှေ့နေရာချထားခံရသောအိမ်ထောင်စုများနှင့်ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲတွင်မူလဝင်ငွေပြန်လည်ရရှိရေး(IRP)နှင့်သက်ဆိုင်သည့်အဓိကလုပ်ဆောင်ချက်များကိုတက်ရောက်လာသူများအားအသေးစိတ်မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။ထို့နောက်ဇုန်(ဘီ)အပိုင်း(၄)မှပြောင်းရွှေ့နေရာချထားခံရသောမိသားစုများနှင့်အတူ၎င်းတို့၏အနာဂတ်မျှော်မှန်းချက်များအတွက်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကြပါသည်။