သီလဝါအထူးစီးပွားရေးဇုန်(ဘီ)မှအားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်နှင့် သုံးလတစ်ကြိမ်စစ် တမ်းကောက်ယူမှုပြုလုပ်ခြင်း (၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၂၅ရက်နှင့်၂၆ရက်)

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့၏နည်းပညာကူညီမှုဖြင့် ဇုန်ဘီအပိုင်း၁၊၂၊၃နှင့်၎ရှိ စီမံကိန်းကြောင့်ထိခိုက်ခံရသော အိမ်ထောင်စုများထဲမှ အားနည်းသောအိမ်ထောင်စုများဟုသက်မှတ်ထား သည့်သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စုစုစုပေါင်း(၄၃)စုအား ၃လတစ်ကြိမ်ပုံမှန်စစ်တမ်းကောက်ယူခြင်းနှင့်အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီလစဉ်ထောက်ပံ့ခြင်းအစီအစဉ်တို့ကို ကျောက်တန်းမြို့နယ်၊အေးမြသီတာရပ်ကွက်နှင့်မြိုင်သာယာ(၃)တိုးချဲ့ ရပ်ကွက်ရှိ ဇုန်ဘီပြန်လည်နေရာချထားရေးနေရာတို့၌ အသီးသီးပြုလုပ်ခဲ့ပါသည်။