သီလဝါအထူးစီးပွားရေးဇုန်(ဘီ)မှအားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်(၂၀၂၀ခုနှစ်၊ သြဂုတ်လ၊၂၅ရက်နှင့်၂၆ရက်)

၂၀၂၀ခုနှစ်၊သြဂုတ်လ၊၂၅ရက်နှင့်၂၆ရက်နေ့တို့တွင်သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့၏နည်းပညာကူညီမှုဖြင့်ဇုန်ဘီအပိုင်း၁+၂၊၃နှင့်၎ရှိစီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ်ထောင်စုများထဲမှအားနည်းသောအိမ်ထောင်စုများဟုသက်မှတ်ထားသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု (၄၄) စု မှ မိသားစုဝင်စုစုပေါင်း (၉၈) ဦးတို့အားအခြေခံစားသောက်ကုန်များဖြစ်သောဆန်နှင့်ဆီကိုကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက်နှင့်ဇုန်ဘီပြန်လည်နေရာချထားရေးနေရာတို့၌ အသီးသီးထောက်ပံ့ပေးခဲ့ပါသည်။