ဇုန်(ဘီ)အပိုင်း၎မှစီမံကိန်းကြောင့်ထိခိုက်သူများနှင့်မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်အကြောင်းအလုပ်ရုံဆွေးနွေးပွဲ ( ၂၀၂၀ ခုနစ် ဒီဇင်ဘာလ ၂၆ရက်)

၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက် ၌ ဇုန်(ဘီ) အပိုင်း(၄)မှစီမံကိန်းကြောင့်ထိခိုက်သူများနှင့်မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်(IRP)အကြောင်းအလုပ်ရုံဆွေးနွေးပွဲကိုကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအားလိုက်နာကာပြုလုပ်ကျင်းပခဲ့ပါသည်။ဆွေးနွေးပွဲသို့အပိုင်း(၄)မှပြောင်းရွှေ့နေရာချထားခံရသောအိမ်ထောင်စုများ၊ပြောင်းရွှေ့ရန်ကျန်ရှိနေသည့်အိမ်ထောင်စုများနှင့်ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့ တို့တက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲတွင်မူလဝင်ငွေပြန်လည်ရရှိရေး(IRP)နှင့်သက်ဆိုင်သည့်အဓိကလုပ်ဆောင်ချက်များကိုတက်ရောက်လာသူများအားအသေးစိတ်မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။ထို့နောက်ဇုန်(ဘီ)အပိုင်း(၄)မှပြောင်းရွှေ့နေရာချထား

ခံရသောမိသားစုများနှင့်အတူ၎င်းတို့၏အနာဂတ်မျှော်မှန်းချက်များအတွက်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကြပါသည်။