သီလဝါအထူးစီးပွားရေးဇုန်(ဘီ)မှအားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ် (၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ရက်)

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်း ကျင်ပညာရှင်အဖွဲ့၏နည်းပညာကူညီမှုဖြင့်ဇုန်ဘီအပိုင်း၁+၂၊၃နှင့်၎ရှိစီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ် ထောင်စုများထဲမှ အားနည်းသောအိမ်ထောင်စုများဟုသက်မှတ်ထားသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု (၄၄) စု မှ မိသားစုဝင်စုစုပေါင်း (၉၈) ဦးတို့ အား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီကို ကျောက်တန်းမြို့နယ်၊အေးမြသီတာရပ်ကွက်နှင့်ဇုန်ဘီပြန်လည်နေရာချထားရေးနေရာတို့၌ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအားလိုက်နာကာအသီးသီးထောက်ပံ့ပေးခဲ့ပါသည်။