Zone B

အပိုင်း(ခ)အတွက်ပြန်လည်နေရာချထားရေးအစီအစဉ်

စီမံကိန်းကြောင့်ထိခိုက်ခံစားရသော အိမ်ထောင်စုများသည် မိမိတို့နှစ်သက် လိုလားသော ပြန်လည်နေရာချထား  မည့်နေရာများနှင့် ပတ်သက်၍ ကျင်းပပြုလုပ်ပြီးခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲများ၊ သီလဝါအထူးစီးပွားရေးဇုန် ဟက်တာ (၂၀၀၀)စီမံကိန်း ဧရိယာအတွက်ပြန်လည် နေရာချထားရေး မူဘောင်နှင့်စပ်လျဉ်း၍ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများ မှရရှိသောတုန့်ပြန်မှုရလဒ်များနှင့် အခြားအလျဉ်းသင့် သလိုမကြာခဏ ကျင်းပ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဧရိယာ(၂-၂)အတွက် ပြန်လည်နေရာချထားမည့် နေရာနှင့် အခြားသတ်မှတ်ချက်များကို ၂၀၁၆ခုနှစ်၊ ဧပြီလ(၃)ရက် နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထု ညှိနှိုင်းဆွေးနွေးပွဲနှင့် ဧရိယာ(၂-၂)၊ အရှေ့ပိုင်းအတွက် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ(၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော လူထုနှင့်ညှိနှိုင်းဆွေးနွေးပွဲတို့တွင် ကနဦးဆွေးနွေးခဲ့ကြပါသည်။ မူဘောင်နှင့် စပ်လျဉ်း၍ပြုလုပ်သော ဆွေးနွေးပွဲနှင့် ဧရိယာ(၂-၁) ၏ပြန်လည်နေရာ ချထားရေးလုပ်ငန်းစီမံချက် အတွက်ပြုလုပ်သောညှိနှိုင်းဆွေးနွေးပွဲများမှ ဒေသခံများကြားတွင် အောက်ဖော်ပြပါအချက် (၃)ချက် ထွက်ပေါ်လာခဲ့ပါသည်။

(၁)    အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ၄င်းတို့လက်ရှိနေထိုင်လျက် ရှိသော နေရာအနီးအနားတွင်     ပြန်လည်နေရာချထားခြင်း။ အဓိကအားဖြင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်း စိုက်ပျိုးရေးလုပ်ကိုင်     နေသော စီမံကိန်းကြောင့် ထိခိုက်ခံရသော တောင်သူလယ်သမားများမှ တင်ပြခဲ့ကြခြင်း ဖြစ်ပါသည်။
(၂)    သီလဝါအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) မှ တင်ပြသောနေရာသို့ ပြန်လည်နေရာချ ထားခြင်း။
(၃)     စီမံကိန်းကြောင့်ထိခိုက်ခံရသော အိမ်ထောင်စုများမှအဆိုပြုတင်ပြသောနေရာသို့ပြန်လည်နေရာချ ထားခြင်း။

၂၀၁၆ခုနှစ်၊နိုဝင်ဘာ(၁၁)ရက်နေ့တွင် ကျင်းပခဲ့သောကနဦး ပြန်လည်နေရာချထားရေး အတွက်ဆွေးနွေးမှုများနှင့် အခြားဆွေးနွေးပွဲများတွင် ဧရိယာ(၂-၂)အရှေ့ပိုင်းတွင် တည်ရှိသော စီမံကိန်းကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စုများသည် မြန်မာအစိုးရမှ အဆိုပြုတင်ပြသော နေရာသို့ ပြောင်းရွှေ့လိုခဲ့ကြပါသည်။ ထိုသူများသည် မြိုင်သာယာကျေးရွာ၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျောက်တန်းမြို့နယ် အတွင်းရှိ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ပြန်လည်နေရာ ချထားရေးနေရာ အသစ်အား ပြောင်းရွေ့နေရာချထားသော နေရာအဖြစ် စိတ်ဝင်စားခဲ့ကြပါသည်။ ယခုဖော်ပြပါ နေရာအား ပြန်လည်နေရာချထားရေး နေရာအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ(၃၀) ရက်နေ့တွင် ပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးပွဲ၌ တရားဝင် အဆိုပြုတင်ပြခဲ့ပြီး ဧရိယာ(၂-၂) အရှေ့ပိုင်းရှိစီမံကိန်းကြောင့် ထိခိုက်ခံစား ရသောအိမ်ထောင်စုများမှ သဘောတူ လက်ခံခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲနေ့တွင်ပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဧရိယာ    (၂-၂) အရှေ့ပိုင်းရှိ စီမံကိန်းကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စုများသည် ပြန်လည်နေရာ ချထားမည့် နေရာသည်အဆင်သင့် မဖြစ်သေးသောကြောင့် အပိုင်းလိုက် ပြန်လည်နေရာ ချထားခြင်းကို သဘောတူခဲ့ကြပါသည်။

မြိုင်သာယာကျေးရွာ ၊ ညောင်ဝိုင်းကျေးရွာအုပ်စု ၊ ကျောက်တန်းမြို့နယ်တွင် တည်ရှိသောပြန်လည်နေရာချထား ရေးနေရာအသစ်သည် ပုံ(၆-၁)တွင် ဖော်ပြထားသည့် အတိုင်းဧရိယာ(၂-၂) အရှေ့ပိုင်းရှိ စီမံကိန်းကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စုများ လက်ရှိနေထိုင်ရာ နေရာမှ(၄.၅) ကီလိုမီတာခန့်အကွာတွင် တည်ရှိပါသည်။ ထိုနေရာသည် အထူးစီးပွားရေး ဇုန်အပိုင်း(က)ကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်းစုများအား ပြန်လည်နေရာချထားသော နေရာ၏ ကပ်လျက်တွင် တည်ရှိပါသည်။

ပုံ(၆-၁) ပြန်လည်နေရာချထားရန်စီစဉ်ထားသောနေရာတည်နေရာပြပုံ

အိမ်ခြံကွက်များအပြင် လမ်းများ၊ ရေတွင်းများ၊ လျှပ်စစ်မီးဖြန့်ဖြူးရေးများနှင့် အများပြည်သူ အသုံးပြုနိုင်သော နေရာလွတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက်အစီအစဉ်များ ရေးဆွဲထားပါသည်။ ယခုလက်ရှိ လူမှုရေးဆိုင်ရာ အဆောက်အဦများ (ဥပမာ- ကျောင်း၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးရုံး၊ ဘုန်းကြီးကျောင်း၊ဘုရား) သည်နေရာအနီး တဝိုက်အဓိကအားဖြင့် သန်လျင်-ကျောက်တန်းလမ်းမ တစ်လျောက် တွင်တည်ရှိပါသည်။ လူထုဖွံ့ဖြိုးရေးစင်တာသည် အပိုင်း(က)မှပြန်လည်နေရာချထားသောနေရာနှင့် လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေဆဲဖြစ်သော အပိုင်း(ခ)မှပြန်လည်နေရာ ချထားရေးနေရာအသစ်တို့၏ ကြားတွင်တည်ရှိပါသည်။ ပြန်လည်နေရာချထား ရန်စီစဉ်ထားသောနေရာနှင့် အသုံးပြုနိုင်သော လူမှုရေးဆိုင်ရာ အဆောက်အဦများ၏ တည်နေရာများကိုပုံ (၆-၂)တွင် ဖော်ပြထားသည်။

IRP Map

ပုံ(၆-၂) ပြန်လည်နေရာချထားရန်စီစဉ်ထားသောနေရာအနီးတဝိုက်ရှိလက်ရှိတည်ရှိနေသော လူမှုရေးဆိုင်ရာ အဆောက်အဦများတည်နေရာပြပုံ

(၁) မြိုင်သာယာကျေးလက်ကျန်းမာရေးဌာန
(၂) မုကြို
(၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)
(၄) ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း
(၅) ဘန့်ဘွေးကုန်း အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း
(၆) ဘန့်ဘွေးကုန်း အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း
(ရ) ရှမ်းစု အခြေခံပညာမူလတန်းကျောင်း
(၈) ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
(၉) အလင်းတန်းစာကြည့်တိုက်
(၁၀) ပြည်တော်အေးဘုန်းတော်ကြီးကျောင်း
(၁၁) ဇမ္ဗူအေးဘုန်းတော်ကြီးကျောင်း
(၁၂) ဇမ္ဗူဥသျှောင်သီလရှင်စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
(၁၃) ကျိုက်မြတ်ခမွန်ဘုရား
(၁၄) ဘုရား
(၁၅) အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးရုံးနှင့်ဆေးခန်း (သီလ၀ါ)

ဧရိယာ(၂-၂) အရှေ့ပိုင်းမှ အိမ်ထောင်စုများမှ ကျောင်းသားအသစ်များသည် မြိုင်သာယာအထက်တန်း ကျောင်းခွဲ တွင်တက်ရောက်နိုင်ရန် အတွက်ထပ်မံတိုးချဲ့ရန် လိုအပ်သော စာသင်ခန်းများကို ဆောက်လုပ်လျက်ရှိပါသည်။ အလားတူ ညောင်ဝိုင်းကျေးရွာ အုပ်စုတွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနအား အဆင့်မြှင့်တင်ရန်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလျက်ရှိပါသည်။