နေ့စဉ်သတင်းများ

Posted: 2020-01-02
၃လတစ်ကြိမ် ပုံမှန်ပြုလုပ်နေကျဖြစ်သော အားနည်းသောမိသားစုများအားထောက်ပံ့ခြင်းအစီအစဉ်အတွက် စစ်တမ်းကောက်ယူခြင်းနှင့် လစဉ်အခြေခံစားသောက်ကုန် (ဆန်နှင့်ဆီ) ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊၂၀ ရက်နှင့်၂၃ရက်နေ့တို့တွင်ဇုန်(ဘီ)ပြန်လည်နေရာချထားရေးနေရာ၌ ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းကောက်ချက်များအရ အားနည်းသောမိသားစုများအားထောက်ပံ့ခြင်း အစီအစဉ်စည်းမျဉ်းများနှင့်ကိုက်ညီသည့် အသက်၆၁ နှစ်ပြည့်ပြီးဖြစ်သော အိမ်ထောင်စု တစ်စုကိုထပ်တိုး၍ စုစုပေါင်းအိမ်ထောင်စု ၂၄ စုမှ မိသားစုဝင် ၅၆ ဦးတို့အား ယခုလမှစတင်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
Posted: 2019-11-29
ဇုန်(ဘီ) စီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ်ထောင်စုများထဲမှ အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ ခြင်းအစီအစဉ်၏စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိသည့်အကျုံးဝင်အိမ်ထောင်စု ၂၃ စုရှိ မိသားစုဝင် ၅၄ ဦးတို့ကို ၂၀၁၉ခုနှစ်၊နိုဝင်ဘာလ၊၂၇ရက်နေ့တွင်အခြေခံစားသောက်ကုန်များဖြစ်သောဆန်နှင့်ဆီကိုထောက်ပံ့ပေးခဲ့ပါသည်။အဆိုပါထောက်ပံ့ခြင်းကို၂၀၁၈ခုနှစ်မတ်လမှစတင်ကာလစဉ်ထောက်ပံ့ပေးလာခဲ့ခြင်းဖြစ်ပြီးအားနည်းသောအိမ်ထောင်စုများ၏ လူမှုစီးပွားရေးအခြေအနေပြောင်းလဲမှု များနှင့် ထိရောက်မှုရှိသော ထောက်ပံ့မှုဖြစ်စေရန် အကျုံးဝင် အိမ်ထောင်စုများအား ၃ လ လျှင်တစ်ကြိမ် ပုံမှန်စစ်တမ်းများကိုလည်းကောက်ယူလျက်ရှိပါသည်။
Posted: 2019-11-18
စက်ချုပ်ပညာအားလေ့လာသင်ယူပြီးဝင်ငွေရရှိရန်လုပ်ကိုင်လိုသောသီလဝါအထူးစီးပွားရေးဇုန်(ဘီ)စီမံကိန်းကြောင့်ထိခိုက်သူများကိုမူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်တစ်ရပ်အနေဖြင့်အခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်းအား၂၀၁၉ခုနှစ်နိုဝင်ဘာလ(၁၄)ရက်နေ့တွင်ညောင်ဝိုင်းကျေးရွာအုပ်စုမြိုင်သာယာမူကြိုကျောင်းတွင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။အဆိုပါစက်ချုပ်သင်တန်းတွင်သင်တန်းသူစုစုပေါင်း(၅)ဦးတက်ရောက်လျက်ရှိပြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ အငြိမ်းစားဆရာမ မှ (၂) လကြာ သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။
Posted: 2019-10-25
မူလဝင်ငွေပြန်လည်ရရှိစေရေးအစီအစဉ်တစ်ရပ်အနေဖြင့်လစဉ်ပြုလုပ်နေကျဖြစ်သောအားနည်းသောမိသားစုများအား ထောက်ပံ့ခြင်းအစီအစဉ်ကို၂၀၁၉ခုနှစ်၊အောက်တိုဘာလ၊၂၅ရက်နေ့တွင်ပြန်လည်နေရာချထားရေးနေရာ၌ပြုလုပ်ခဲ့ပါ သည်။စက်တင်ဘာလတွင်ပြုလုပ်ခဲ့သောသုံးလတစ်ကြိမ်စစ်တမ်းကောက်ချက်များအရအားနည်းသောမိသားစုများအား ထောက်ပံ့ခြင်းအစီအစဉ်စည်းမျဉ်းများနှင့်ကိုက်ညီသည့် မိသားစုဝင်တစ်ဦးကိုထပ်မံတိုး၍ စုစုပေါင်းအိမ်ထောင်စု၂၃စုမှ မိသားစုဝင် ၅၄ ဦးတို့အား ယခုလ (အောက်တိုဘာလ) မှစတင်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
Posted: 2019-09-26
၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၊၂၆ရက်နေ့တွင် သက်မှတ်ချက်နှင့်ကိုက်ညီသည့်အားနည်းသော အိမ်ထောင်စု ၂၃ စုအား အခြေခံစားသောက်ကုန် (ဆန်နှင့်ဆီ) ကို ပြန်လည်နေရာချထားရေးနေရာ၌ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် ၃လတစ်ကြိမ် ပြုလုပ်နေကျဖြစ်သည့် အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။

Pages