နေ့စဉ်သတင်းများ

Posted: 2020-03-05
၂၀၂၀ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက် ဓမ္မာရုံ၌ဇုန်(ဘီ)အပိုင်း(၄)မှ စီမံကိန်းကြောင့်ထိခိုက်သူများနှင့်မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်(IRP)အကြောင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲသို့အပိုင်း(၄)မှပြောင်းရွှေ့နေရာချထားခံရသောအိမ်ထောင်စုများနှင့်ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲတွင်မူလဝင်ငွေပြန်လည်ရရှိရေး(IRP)နှင့်သက်ဆိုင်သည့်အဓိကလုပ်ဆောင်ချက်များကိုတက်ရောက်လာသူများအားအသေးစိတ်မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။ထို့နောက်ဇုန်(ဘီ)အပိုင်း(၄)မှပြောင်းရွှေ့နေရာချထားခံရသောမိသားစုများနှင့်အတူ၎င်းတို့၏အနာဂတ်မျှော်မှန်းချက်မျာ
Posted: 2020-02-21
၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှဂျိုက်ကာကျွမ်းကျင်ပညာရှင်များအဖွဲ့၏နည်းပညာကူညီမှုဖြင့် ဇုန်ဘီအပိုင်း(၃)စီမံကိန်းကြောင့်ထိခိုက်ခံရသောအိမ်ထောင်စုများထဲမှအားနည်းသောအိမ်ထောင်စုများဟုသက် မှတ်ထားသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ ဦးဆောင်/နေထိုင်သည့် အိမ်ထောင်စုများ နှင့်အမျိုးသမီးများဦးဆောင်သော အိမ်ထောင်စု ၁၂ စုတို့အား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီကို ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက်၌ထောက်ပံ့ပေးခဲ့ပါသည်။
Posted: 2020-02-21
အားနည်းသောမိသားစုများအားထောက်ပံ့ခြင်းအစီအစဉ်ကို ဇုန်(ဘီ) ပြန်လည်နေရာချထားရေးနေရာ၌ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ(၂၉)ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။အဆိုပါထောက်ပံ့ခြင်း၏ရည်ရွယ်ချက်မှာစီမံကိန်းကြောင့်ထိ ခိုက်သူများထဲမှ အားနည်းသောမိသားစုများဟုသတ်မှတ် ထားသော အကျုံးဝင် အိမ်ထောင်စု ၂၃စုမှ မိသားစုဝင် ၅၄ ဦးတို့ အား နိုင်ငံတကာစံနှုန်းများနှင့်အညီ မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်တစ်ရပ်အနေဖြင့်လစဉ် အခြေခံစားသောက်ကုန်များဖြစ်သော(ဆန်နှင့်ဆီ)ကိုကူညီထောက်ပံ့ပေးရန်ဖြစ်ပါသည်။ထိုသို့ထောက်ပံ့ပေးခြင်း ဖြင့်အားနည်းသောမိသားစုများ၏နေ့စဉ်အခြေခံစားသောက်ကုန်ဝယ်ယူခြင်းအတွက်ကုန်ကျမှုများအားတစ်ဖက်တစ်လမ်းမှနေ၍ ပံ့ပိုးပေ
Posted: 2020-01-17
မူလဝင်ငွေပြန်လည်ရရှိရေးအစီအစဉ်တစ်ရပ်အနေဖြင့် ဇုန်(ဘီ)စီမံကိန်းကြောင့်ထိခိုက်သူများအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ၁၄ရက်နေ့တွင်စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သောအခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့တွင် မြိုင်သာယာမူကြိုကျောင်းတွင် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသူများကို သင်တန်းဆင်းလက်မှတ် များအား အသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်ပြီးသော စီမံကိန်းကြောင့်ထိခိုက်သူများကို စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုကာဝင်ငေ
Posted: 2020-01-17
၂၀၂၀ခုနှစ်၊ဇန်နဝါရီလ၁၀ရက်နေ့တွင်(၁၁)ကြိမ်မြောက်သီလဝါအထူးစီးပွားရေးဇုန်မှတာဝန်ရှိသူများနှင့်ဒေသခံကိုယ်စားလှယ်များတွေ့ဆုံမှု(TCC)အစည်းအဝေးကိုMJTD၏အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ထိုအစည်းအဝေးပွဲသို့MJTDမှတာဝန်ရှိလူကြီးများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စီမံကိန်းကြောင့်ထိခိုက်ခံရသောကျေးရွာများမှဒေသခံကိုယ်စားလှယ်များ၊စီမံကိန်းကြောင့်ထိခိုက်သူများ၊ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့်သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့မှစုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးပွဲကျင်းပ ရခြင်း၏အဓိကရည်ရွယ်ချက်များမှာသီလဝါအထူးစီးပွားရေးဇုန်မှအနီးအနားရှိပတ်ဝန်းကျင်ကျေးရွာများအတွက်ဆောင်ရွ

Pages